မိုးမိလို့ပဲဖြစ်ဖြစ်၊ ရေချိုးမှားလို့ပဲဖြစ်ဖြစ်၊ ရာသီဥတုအပြောင်းအလဲကြောင့်ပဲဖြစ်ဖြစ် အအေးမိ နှာစေးတတ်ပါတယ်။ နှာစေးလာပြီဆိုရင် နှာခေါင်းတရှုံ့ရှုံ့နဲ့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ နှာစေးပြီဆိုရင်လည်း အနည်းဆုံး ၂ ရက်၊ ၃ ရက်လောက်တော့ ကြာတတ်ပါတယ်။
အဲ့ဒီလောက် အချိန်အကြာကြီးနှာမစေးချင်ဘဲ မြန်မြန်ပျောက်ချင်တယ်ဆိုရင် အိမ်တွင်းဆေးနည်းလေးတွေအသုံးပြုလိုက်ပါ။ သင့် မီးဖိုချောင်က ဆေးစွမ်းကောင်းလေးတွေကို အသုံးပြုပြီး နှာစေးအမြန်ပျောက်အောင် ကုသနိုင်ပါပြီ။
ဂျင်း အသုံးပြုပါ
လိုအပ်မယ့် ပစ္စည်းတွေကတော့ ဂျင်းနဲ့ ဆားပဲဖြစ်ပါတယ်။ ဂျင်းအနည်းငယ်ကို ထောင်းလိုက်ပြီးနောက် ဆားအနည်းငယ်နဲ့ရောစပ်လိုက်ပါ။ ထို့နောက် ရေနွေးဖြင့် စိမ်ထားပြီးနောက် ဂျင်းလက်ဖက်ရည်ကို သောက်သုံးပေးလိုက်ပါ။ ဂျင်းလက်ဖက်ရည်ကို သောက်သုံးနိုင်သလို ဂျင်းတုံးကိုလည်း ဝါးစားပေးနိုင်ပါတယ်။
ကြက်သွန်ဖြူရဲ့ အသုံးဝင်ပုံ
ကြက်သွန်ဖြူ ၂ မြွှာ၊ ၃ မြွှာခန့်ကို အခွံခွာပြီးနောက် ဝါးစားပေးလိုက်ပါ။ ကြက်သွန်ဖြူက ခန္ဓာကိုယ်ကို ပူနွေးစေပြီး နှာစေးခြင်းကို အမြန်ဆုံး သက်သာပျောက်ကင်းသွားအောင် ကူညီပေးပါလိမ့်မယ်။
နနွင်းမှုန့်
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်ကို ပိုက်ဆံလျှော်စေ့ဆီ အနည်းငယ်နဲ့ ရောနှောပြီးနောက် ရရှိလာတဲ့အနံ့ကို ရှုရှိုက်ပေးရပါမယ်။ တစ်နေ့ကို နှစ်ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် နှာရည်ယိုခြင်း၊ နှာစေးခြင်းများ ယူပစ်သလို ပျောက်ကင်းသွားပါလိမ့်မယ်။
ပန်းသီးရှာလကာရည်
ဖန်ခွက်အလွတ်တစ်လုံးထဲသို့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။ ရေနွေး ဖန်ခွက်တစ်ခွက်စာခန့် ထပ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို မအေးခင် သောက်သုံးပေးလိုက်ပါ။ ဒီဖျော်ရည်ကို တစ်နေ့ နှစ်ကြိမ်ခန့် သောက်သုံးပေးရပါမယ်။
ပျားရည်နှင့် သံပုယိုရည်
ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်း၊ သံပုယိုရည် ၃ စက်၊ ၄ စက်ခန့်နှင့် ကြက်သီးနွေး ရေနွေး တစ်ဖန်ခွက်ခန့်တို့ကို သမအောင် ရောမွှေပြီးနောက် သောက်သုံးလိုက်ပါ။ တစ်နေ့ နှစ်ကြိမ်ခန့် သောက်သုံးပေးမယ်ဆိုရင် အသက်ရှုလမ်းကြောင်း ရောင်ရမ်းခြင်း သက်သာသွားပြီး နှာခေါင်းတွင်းရှိ ရောဂါပိုးမွှားများ ပျောက်ကွယ်သွားပါလိမ့်မယ်။
ရေနွေးငွေ့ ရှုရှိုက်ပါ
ရေနွေး တစ်ဇလုံခန့်နဲ့ တဘက်အကြီးတစ်ထည်တို့ လိုအပ်ပါလိမ့်မယ်။ ပုံမှာပြထားတဲ့အတိုင်း ခေါင်းကို တဘက်နဲ့အုပ်ထားပြီး ရေနွေးငွေ့များကို ၁၀ မိနစ်ခန့် ရှုရှိုက်ရပါမယ်။ ပြီးရင် နှပ်ချေးညှစ်ပေးလိုက်ပါ။ နှာစေးခြင်း သက်သာသွားပါလိမ့်မယ်။
လာဗန်ဒါအဆီနှင့် ပက်ပါမင့်အဆီ
လာဗန်ဒါအဆီ ၅ စက်ခန့်နှင့် ပက်ပါမင့်အဆီ ၃ စက်ခန့်ကို သမအောင်ရောနှောပြီးနောက် ရင်ဘတ်နဲ့ လည်ပင်းတစ်ဝိုက်၊ နှာခေါင်းတစ်ဝိုက်မှာ လိမ်းကျံပေးလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်ခန့် လိမ်းပေးရပါမယ်။
Source: Stylecraze.com











