ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ထဲမှာ ဂျင်းဆိုတဲ့အရာကလည်း စူပါအစားအစာတစ်ခုပဲဖြစ်ပါတယ်။ အပင်ပေါ်မှာ အခြေခံပြီး ရရှိလာတဲ့ အစားအစာတစ်ခုဖြစ်တဲ့အပြင် ထိုအမြစ်က ကျန်းမာရေးပြဿနာ ဆိုးဆိုးရွားရွားများကိုတောင်မှ ကုသနိုင်တဲ့ အစွမ်းသတ္တိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။
ဂျင်းဖျော်ရည်ပြုလုပ်နည်းကလည်း လွယ်လွယ်ကူကူလေးပါပဲ။ အရင်ဦးဆုံး ဂျင်းကို ပါးပါးလှီးလိုက်ပါ။ ရေနွေးကို ပွက်ပွက်ဆူအောင် တည်ထားလိုက်ပါ။ ရေနွေးပွက်ပွက်ဆူလာပါက ပါးပါးလှီးထားသော ဂျင်းများကို ထိုရေနွေးထဲမှာ ဆယ်မိနစ်ခန့် စိမ်ထားလိုက်ပါ။ အရသာနဲ့ အနံ့စူးရှမှုပေါ် မူတည်ပြီး ဂျင်းတုံးများကို မိမိကြိုက်နှစ်သက်သလောက် ထည့်ထားနိုင်ပါတယ်။
ထိုဂျင်းဖျော်ရည်ကို နေ့တိုင်းသောက်သုံးခြင်းကြောင့် မည်သည့်အကျိုးကျေးဇူးများ ရရှိနိုင်မလဲဆိုတာကိုရော သင် သိပါသလား။
မူးဝေ အော့အန်ခြင်းတို့ကို သက်သာစေခြင်း
ဂျင်းဖျော်ရည်က အစာအိမ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ခံစားရလေ့ရှိတဲ့ ပျို့အန်ခြင်းတို့ကိုလည်း သက်သာပျောက်ကင်းစေတဲ့ အစွမ်းထက် ဖျော်ရည်တစ်ခွက်ပဲဖြစ်ပါတယ်။
ဓမ္မတာလာတဲ့အခါ ခံစားရတဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာကိုလည်း သက်သာစေခြင်း
Source: hindustantimes.com
ဓမ္မတာလာတဲ့အခါတိုင်း ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ဝမ်းဗိုက်အောင့်ခြင်းတို့ကြောင့် စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ ဂျင်းဖျော်ရည်လေးကိုသာ သတိရလိုက်ပါ။ ဓမ္မတာမလာခင် ရက်အနည်းငယ်မှာ ကြိုတင်သောက်သုံးပေးမယ်ဆိုရင် ဓမ္မတာလာတိုင်း နာကျင်ခံစားရတဲ့ ဝေဒနာအားလု့းကို ယူပစ်သလို ပျောက်ကင်းသွားမှာပဲဖြစ်ပါတယ်။
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း
Type 2 ဆီးချိုရောဂါသည်များအနေနဲ့ ဂျင်းဖျော်ရည်ကို မှန်မှန်သောက်သုံးပေးသင့်ပါတယ်။ ဂျင်းဖျော်ရည် မသောက်ချင်ပါကလည်း ဟင်းချက်တဲ့အခါတိုင်း ဂျင်းတုံးလေးတွေ များများထည့်ပေးတာပဲဖြစ်ဖြစ် ဂျင်းအမှုန့် ၃ ဂရမ်ကို နေ့စဉ် မှီဝဲပေးတာပဲဖြစ်ဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။
ကိုယ်အလေးချိန် လျော့ချပေးခြင်း
သကြားဓာတ်လွန်ကဲတဲ့ ဖျော်ရည်များကို သောက်သုံးမယ့်အစား ဂျင်းဖျော်ရည်ကို နေ့စဉ် မှန်မှန်သောက်သုံးပေးခြင်းက ဝမ်းဗိုက်မှာ စုနေတဲ့ အဆီပိုတွေကို ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဂျင်းဖျော်ရည်ထဲမှာ ကယ်လိုရီ လုံးဝမပါဝင်တဲ့အပြင် ခန္ဓာကိုယ်ရှိ ရေဓာတ်ကိုလည်း ထိန်းညှိပေးမှာပဲဖြစ်ပါတယ်။
Source: goodhousekeeping.com






