နည်းပညာတွေ တဟုန်ထိုးတိုးတက်မြှင့်မားနေပြီး ရွေးချယ်စရာတွေ များပြားနေတဲ့ခေတ်ကြီးထဲမှာ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာကို ရွေးချယ်စားသုံးဖို့လည်း လိုအပ်ပါတယ်။ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေထဲမှာ ပဲပိစပ်ကနေ ထုတ်လုပ်ထားတဲ့ ပဲနို့ကလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

ပဲနို့ထဲမှာ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်၊ ပရိုတိန်းဓာတ်နဲ့ Fatty အက်စစ်တို့ရဲ့ အဓိကအရင်းအမြစ်ဖြစ်တာကြောင့် စွမ်းအင်ပြည့်ဝဖို့အတွက်လည်း ကူညီပေးနိုင်သလို ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းလေးများ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ရန်အတွက်လည်း ကူညီပေးနိုင်ပါတယ်။

သဘာဝပဲနို့ကို သောက်သုံးခြင်းအားဖြင့် ခံစားရရှိမယ့် အကျိုးကျေးဇူးတွေကိုရော မသိချင်ကြဘူးလား။

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

ပဲနို့ထဲမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်က ခန္ဓာကိုယ်ရဲ့ ခုခံအားကို မြှင့်တင်ပေးပြီး ပြင်ပမှ ရောဂါဘယများ ဝင်ရောက်မလာနိုင်အောင် တားဆီးပေးတဲ့အတွက်ကြောင့် မကြာခဏဖျားနာပြီး နေမကောင်းဖြစ်တတ်တဲ့သူတွေအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ လူကြီးများအနေနဲ့ အိမ်က ကလေးငယ်လေးတွေ အာဟာရပြည့်ပြည့်ဝဝနဲ့ ကျန်းကျန်းမာမာကြီးထွားဖွံ့ဖြိုးနိုင်ဖို့အတွက် ပဲနို့ကို တစ်နေ့တစ်ခွက် မှန်မှန်တိုက်ပေးသင့်ပါတယ်။

စိတ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ခြင်း

စိတ်ဖိစီးမှုခံစားရခြင်း၊ စိတ်ဓာတ်ကျခြင်းတို့က စိတ်ကျရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေပဲဖြစ်ပါတယ်။ စိတ်ကျရောဂါခံစားရခြင်းကြောင့် မိမိကိုယ်ကို သတ်သေသွားသူတွေကလည်း ကမ္ဘာပေါ်မှာ မရေမတွက်နိုင်အောင်ပါပဲ။ ဒါပေမဲ့ ပဲနို့သောက်သုံးပေးမယ်ဆိုရင် စိတ်ကျန်းမာရေးကို ကောင်းမွန်စေပြီး မိမိကိုယ်ကို သတ်သေချင်တဲ့ အတွေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ရင်သားကင်ဆာဖြစ်ပွားနှုန်းကို လျော့ချပေးခြင်း

ပဲနို့ နေ့စဉ်မှန်မှန်သောက်သုံးတဲ့ အမျိုးသမီးတွေက ပဲနို့မသောက်သုံးတဲ့ အမျိုးသမီးတွေနဲ့ ယှဉ်လိုက်တဲ့အခါ ရင်သားကင်ဆာ ခံစားရနိုင်ချေနည်းပါးပါတယ်။ ဒါ့ကြောင့် ရင်သားကင်ဆာ မခံစားချင်ဘူးဆိုရင် တစ်နေ့ကို ပဲနို့တစ်ခွက် မှန်မှန်သောက်သုံးသင့်ပါတယ်။

ဒါ့အပြင် အဝလွန်ခြင်းကို ထိန်းချုပ်ပေးခြင်း၊ ကိုလက်စတောပမာဏကို ထိန်းညှိပေးခြင်း၊ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ခြင်း၊ အရေပြား ပြဿနာများကို ကုသပေးခြင်း၊ ဝိတ်တက်မှာကို စိုးရိမ်နေကြသူတွေအတွက် ကိုယ်အလေးချိန်လျော့ချပေးခြင်း၊ ဆံကေသာ အရှည်မြန်ပြီး ကျန်းမာလှပစေခြင်း၊ အရိုးကျန်းမာရေးအတွက် အထူးကောင်းမွန်ခြင်းနှင့် အားကစားပြုလုပ်ပြီးသူများအတွက် ကုန်ဆုံးသွားတဲ့ အားအင်များ ပြန်လည် ဖြည့်စွမ်းပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးအမြောက်အမြားကို ခံစားရရှိနိုင်ပါတယ်။

ဒီလိုကောင်းကျိုးအမြောက်အမြားပေးနိုင်တဲ့ ပဲနို့ကို သောက်သုံးတော့မယ်ဆိုရင် ဘယ်လိုအမျိုးအစားကို သောက်သုံးသင့်သလဲ။

ကျန်းမာရေးနဲ့ ညီညွှတ်စွာ ထုတ်လုပ်ထားပြီး ဓာတုဆေးဝါးများ၊ ဖော်မလင်၊ တာရှည်ခံဆေးများ လုံးဝ (လုံးဝ) မပါဝင်တဲ့ ပဲနို့အမျိုးအစားကိုသာ ရွေးချယ်သောက်သုံးသင့်ပါတယ်။ SoyAi က ထုတ်တဲ့ ပဲနို့တွေကတော့ အထက်ကဖော်ပြခဲ့သလိုပဲ ဓာတုဆေးဝါးများ မပါဝင်တာကြောင့် ကလေးရော လူကြီးပါ ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်တဲ့ ပဲနို့ပဲဖြစ်ပါတယ်။ ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားမယ်ဆိုရင်တောင် ၅ ရက်ခန့် အထားခံပြီး လတ်ဆတ်တဲ့အရသာကို ခံစားရရှိမှာပဲဖြစ်ပါတယ်။

စားသုံးသူများရဲ့ ကျန်းမာရေးကို ရှေးရှုပြီး အမြဲတမ်းစေတနာပါပါနဲ့ ထုတ်လုပ်တတ်တဲ့ SoyAi တံဆိပ်အစားအစာက ပဲနို့တစ်ခုတည်း ထုတ်တာမဟုတ်ပါဘူး။ သဘာဝပဲပြားနဲ့ ပဲပိစပ်ပူတင်းတို့ကိုလည်း ထုတ်လုပ်ထားပါသေးတယ်။ သဘာဝပဲပြားကလည်း ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ဓာတုဆေးဝါးများ မပါဝင်တာကြောင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင်တော့ ၁၀ ရက်ခန့် လတ်ဆတ်စွာ အထားခံပါတယ်။ ပူတင်းကြိုက်နှစ်သက်တဲ့ Foodies လေးတွေအနေနဲ့လည်း ပဲပိစပ်ပူတင်းက အာဟာရပြည့်ဝပြီး အရသာရှိတာကြောင့် စားသုံးသူတွေထံမှ မှတ်ချက်ကောင်းအမြောက်အမြားရရှိထားပါသေးတယ်။

အစားအစာခုံမင်တဲ့ Foodies လေးတွေအနေနဲ့ရော ဓာတုပစ္စည်းများနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့အစားအစာများနဲ့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ သဘာဝအစားအစာ နှစ်မျိုး ယှဉ်လာတဲ့အခါ ဘယ်အစားအစာကို ရွေးချယ်မယ်လို့ စိတ်ကူးထားကြပါသလဲ။

Source: askdrnandi.com