ကလေးတွေ ကြိုက်နှစ်သက်တဲ့ ဟောင်ကောင် ကြက်ဥမုန့် (Egg Tarts) လေး လုပ်စားရအောင်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၂၀၀ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • သကြား စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဆားမပါတဲ့ ထောပတ် ၂၀၀ ဂရမ်
  • ရေအေး စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေနွေး ၂၃၆ မီလီလီတာ
  • ကြက်ဥ ၃ လုံး
  • နို့စိမ်း (Evaporated Milk) စားပွဲတင်ဇွန်း ၈ ဇွန်း
  • Vanilla လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့၄ ပုံ ၃ ပုံ
  • Aluminum Tart Tins

ပြုလုပ်နည်း

ခွက်တစ်ခွက်ထဲမှာ ဂျုံမှုန့်၊ ဆား၊ သကြား စားပွဲတင်ဇွန်း ၁ ဇွန်းကိုထည့်ပြီး မွှေပါ။ ထောပတ်ကို လက်ချောင်းတွေနဲ့ နယ်ပါ။ ရေအေး စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ဂျုံမှုန့်ကိုထည့်ပြီး နယ်ပါ။ လိုအပ်ရင် ရေ အနည်းငယ်ထည့်ပါ။ ဂျုံကိုလုံးပြီး အဝတ်ပါးပါးတစ်ခုနဲ့ဖုံးအုပ်ပြီး ရေခဲသေတ္တာထဲမှာ မိနစ် ၂၀ လောက်ထည့်ထားပါ။

ဂျုံမှုန့်အနည်းငယ်ဖြန်းထားတဲ့ အပြားတစ်ခုပေါ်မှာ ဂျုံမှုန့် ကိုယူပြီး တလှိမ့်တုံးနဲ့လှိမ့်ပေးပါ။ ၈ လက်မ၊ လက်မ ၂၀ အရွယ် ထောင့်မှန်စတုဂံ လေးတွေ ဖြတ်လိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ လောက်ထည့်ထားပါ။

သကြား စားပွဲတင်ဇွန်း ၈ ဇွန်းကို ရေနွေးပူပူထဲထည့်ပြီး ဖျော်ပြီး အခန်းအပူချိန်ရောက်တဲ့အထိ ခဏ အအေးခံထားပါ။ ကြက်ဥ နှင့် နို့စိမ်းကို ရောမွှေပြီးနောက် ခုနက သကြားရေထဲထည့်၊ Vanilla ထည့်ပြီး မွှေပါ။

အမြှပ်လေးတွေထလာရင် စကာလေးနဲ့ချောမွေ့တဲ့အထိ စစ်ချပေးပါ။ အမြှပ်လေးတွေမကျန်တဲ့အထိ စစ်ချပေးပါ။

Oven ကို 400 degrees F / 200 degrees C ကို အပူပေးထားပြီးနောက် အနည်းငယ် အပူချိန်ကိုလျော့လိုက်ပါ။

ဂျုံကိုထုတ်ပြီး ခွက်ပုံစံအတိုင်း ဖြတ်ပြီး ခွက်ပုံစံအတိုင်း လုပ်လိုက်ပါ။

ခုနက ဖျော်စပ်ထားတဲ့ ကြက်ဥတွေကို မုန့်ခွက်လေးတွေထဲကို ထည့်လိုက်ပြီး ၁၅ မိနစ်လောက် ဖုတ်ထားပါ။

ထို့နောက် 350 degrees F/ 180 degrees C ကိုလျော့ပြီး ၁၀ မိနစ်မှ မိနစ် ၂၀ ကြားထပ်ဖုတ်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဟောင်ကောင်ကြက်ဥ မုန့်လေးတွေကို ရပါပြီ။

Source: Work of Life