အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ ကော်ဖီချစ်သူများအတွက် ဆောင်းပါးလေးတစ်ပုဒ်ဝေမျှပေးချင်ပါတယ်။ ထိုဆောင်းပါးလေးကတော့ တစ်နေ့ကို ကော်ဖီ ဘယ်နှခွက်အထိ အများဆုံး သောက်သုံးနိုင်သလဲ။ သတ်မှတ်ပမာဏအထိ ကျော်သော်ပါက ဘယ်လိုဆိုးကျိုးတွေ ရရှိနိုင်မလဲ။ သင့်တင့်မျှတတဲ့ ပမာဏ သောက်သုံးပါက ဘယ်လိုအကျိုးကျေးဇူးရရှိနိုင်မလဲဆိုတာကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

သင့်တင့်မျှတတဲ့ ကော်ဖီပမာဏနှင့် နှလုံးကျန်းမာရေး

ဂျာမန်သိပ္ပံပညာရှင်များရဲ့ ပြောကြားချက်အရ ကော်ဖီရဲ့ကာဖိန်းဓာတ်က သွေးကြောထဲရှိ ဆဲလ်များကို ကောင်းကျိုးဖြစ်ထွန်းစေပါတယ်။ ကာဖိန်းဓာတ်ကြောင့် ဆဲလ်များ ကောင်းစွာအလုပ်လုပ်နိုင်ပြီး ငယ်ရွယ်သူများကဲ့သို့ သွက်လက်ဖျတ်လတ်နေမှာပဲဖြစ်ပါတယ်။

သုနေသနပညာရှင်များကတော့ တစ်နေ့ကို ကော်ဖီ ၄ ခွက် သောက်သုံးခြင်းက နှလုံးကျန်းမာရေးအတွက် သင့်တင့်မျှတတဲ့ပမာဏဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

ကော်ဖီ သောက်သုံးသူများက ပိုမိုအသက်ရှည်ခြင်း

ကော်ဖီကို နေ့စဉ်ပုံမှန် သောက်သုံးသူများက နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဆီးချိုရောဂါ ခံစားရနိုင်ချေ အလွန်နည်းပါးကြတယ်လို့ သုတေသနပညာရှင်များက လွန်ခဲ့သော နှစ်အတော်ကြာကတည်းက သတိထားမိခဲ့ကြပါတယ်။

ကော်ဖီ သောက်တိုင်းလည်း ကျန်းမာရေးအတွက် မကောင်းနိုင်

တစ်နေ့ကို ကော်ဖီ ဘယ်နှစ်ခွက်သောက်သင့်သလဲ

တန်ဆေး လွန်ဘေးဆိုတဲ့ စကားလေးအတိုင်းပဲ တစ်နေ့ကို ကော်ဖီ ၆ ခွက်နှင့် အထက် သောက်သုံးသူများမှာတော့ နှလုံးရောဂါ ဖြစ်ပွားနိုင်ချေ ၂၂ ရာခိုင်နှုန်းခန့် မြင့်မားနေတယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။

ကော်ဖီသောက်တဲ့အခါ ရှောင်ကြဉ်ရမယ့်အချက်

တကယ်လို့ သင်က ကော်ဖီကို တစ်နေ့ ၆ ခွက်နှင့် အထက် သောက်သုံးပါက ကာဖိန်းဓာတ်တစ်ခုတည်းက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တာမဟုတ်ဘူးဆိုတာကို သတိချပ်သင့်ပါတယ်။ ကော်ဖီချစ်သူတော်တော်များများက ကော်ဖီဖျော်တဲ့အခါ အဆီနဲ့ ကယ်လိုရီ တက်စေတဲ့ သကြားနဲ့ ခရင်မ်များများထည့်ပြီး ဖျော်သောက်လေ့ရှိပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ သွေးတွင်းသကြားဓာတ်ကို မြင့်မားစေပြီး ဆီးချိုရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။

ဒါ့ကြောင့် သင့်အနေနဲ့ ကော်ဖီကို တစ်နေ့ ဘယ်နှခွက်နှုန်း သောက်သုံးနေမိပြီလဲဆိုတာကို ပြန်စဉ်းစားသင့်ပါပြီ။ ကျန်းမာရေးနဲ့ ညီညွှတ်အောင် လျော့သင့်တန် လျော့ရမှာဖြစ်ပြီး ကာဖိန်းဓာတ်နဲ့ အချိုဓာတ် မှီဝဲမှုကို ကန့်သတ်သင့်ပါတယ်။

Source: Brightside.me