ကန်စွန်းရွက်စိုက်ဖို့ မြေနေရာမရှိလို့ စိတ်ညစ်နေပါသလား? စိတ်မညစ်လိုက်ပါနဲ့။ အခုပြောပြမယ့် အကြောင်းအရာလေးကတော့ ရက် ၂၀ အတွင်း လတ်လတ်ဆတ်ဆတ် ကန်စွန်းရွက် အပင်ဖောက်ပြီး စားနိုင်မယ့် နည်းလမ်းပဲဖြစ်ပါတယ်။

ကန်စွန်းရွက် လွယ်လွယ်လေးနဲ့ အပင်ဖောက်ဖို့အတွက် လိုအပ်ချက်များကတော့ –

  • စကာပေါက်ပါ ခြင်းအသေးလေး တစ်လုံး
  • ရေဇလုံ သို့မဟုတ် စကာပေါက် အနေတော် ကျမယ့် ပုံးတစ်ပုံး
  • ရေ
  • ကန်စွန်းရွက် မျိုးစေ့

ပျိုးနည်း ကတော့ အရမ်း လွယ်ပါတယ် ။

ဖော်ပြထားတဲ့ ၄ မျိုး အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ ကန်စွန်းရွက် မျိုးစေ့ကို ခြင်းထဲ ထည့်လိုက်ပါ။

ရေထည့် ထားသော ဇလုံ(သို့မဟုတ်) ပုံးထဲကို ကန်းစွန်းရွက် မျိုးစေ့ကို အနေတော် ရေနစ်ရုံလေး ထားလိုက်ပါ။

၂ ရက် ၃ ရက် လောက် ကြာသွားတဲ့အခါမှာတော့ ကန်းစွန်းရွက်အပင် စပေါက်လာတာကို မြင်တွေ့ရပါလိမ့်မယ်။

နေရောင်ခြည် ရရှိနိုင်တဲ့ နေရာမှာ အပင်ကြီးထွား လာနိုင်စေရန် စောင့်ဆိုင်းကာ အပင်ကြီးထွား လာသည်နှင့် အမျှ စားသုံးလို့ ရပါပြီ။