မွေးနေ့ပွဲ၊ ပါတီပွဲတစ်ခုခု ပြုလုပ်မှာမို့လို့ စားကောင်းသောက်ဖွယ်တွေကို လှလှပပ ပြင်ဆင်ချင်ပါသလား။ ဖရဲသီးကို ခြင်းတောင်းပုံသဏ္ဍာန် ပြုလုပ်ပြီး ထည့်ခွက်သဖွယ် အလှဆင်ထားနိုင်ပါတယ်။ ဒါဆိုရင်တော့ အမြင်ဆန်းပြီး အရသာလည်း ရှိတဲ့ ဖရဲသီးခွက်ထဲက သီးစုံသစ်သီးလေးကို ဘယ်လိုလှလှပပပြင်ဆင်ကြမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

ပြုလုပ်နည်း အဆင့်ဆင့်က လွယ်ကူရိုးရှင်းတာကြောင့် အားလုံးပဲ အလွယ်တကူလိုက်လုပ်ကြည့်နိုင်ပါတယ်။

ဖရဲသီးခြင်းလေး ပြုလုပ်ဖို့အတွက် လိုအပ်မယ့် ပစ္စည်းတွေကတော့ ဖရဲသီးမှည့်တစ်လုံး၊ ဓားထက်ထက် တစ်ချောင်းနှင့် မိမိနှစ်သက်ရာ သစ်သီးမျိုးစုံတို့ပဲဖြစ်ပါတယ်။

အဆင့် (၁)

အရင်ဦးဆုံး ဖရဲသီးရဲ့ ဘေးဘက်ကို အနည်းငယ် လှီးဖြတ်ပေးလိုက်ပါ။ ထိုလှီးဖြတ်ထားတဲ့နေရာကို အောက်ခြေဖက်မှာထားကာ အခြေညီအောင် ပြုလုပ်လိုက်ပါ။

အဆင့် (၂)

ထို့နောက် ဖရဲသီးရဲ့ အပေါ်ပိုင်းကို လေးပုံတစ်ပုံခန့် လှီးဖြတ်လိုက်ပါ။

အဆင့် (၃)

ဖရဲသီးရဲ့ အထဲကအသားတွေကို ဇွန်းဖြင့် ခပ်ထုတ်ပြီး ပန်းကန်လုံးတစ်လုံးထဲမှာ ဖယ်ထားလိုက်ပါ။

အဆင့် (၄)

ဖရဲသီးများ အကုန်အစင်ခပ်ထုတ်ပြီးပြီဆိုပါက ဖရဲသီးအခွံရဲ့ဘေးအနားသားတွေကို အချွန်အတက်သဖွယ် လှီးဖြတ်လိုက်ပါ။

အဆင့် (၅)

ထို့နောက် စောစောက ခပ်ထုတ်ထားသော ဖရဲသီးအသားများကို ဖရဲသီးအခွံထဲ ပြန်ထည့်ထားလိုက်ပါ။ ထို့နောက် မိမိကြိုက်နှစ်သက်ရာ သစ်သီးတစ်မျိုးမျိုးကို ဖရဲသီးခွက်ထဲ ထည့်ထားလိုက်ပါ။

ကဲ… ဒါဆိုရင်တော့ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ ဖရဲသီးခွက်ထဲက သီးစုံသစ်သီးလေးတွေကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com