ဟင်းချက်တဲ့အခါ ဆားငန်သွားတဲ့အဖြစ်မျိုး၊ အသားများ နူးဖို့အတွက် အချိန်ကြာကြာစောင့်နေရတဲ့ ဒုက္ခတွေမှ ကင်းဝေးဖို့အတွက် ကျွမ်းကျင်စားဖိုမှူးများ ဝေမျှထားတဲ့ လျှို့ဝှက်ချက်တစ်ချို့ကို ဝေမျှပေးချင်ပါတယ်။
ဒီနည်းလမ်းတွေကို သိထားမယ်ဆိုရင် ဟင်းချက်ရာမှာ အခက်အခဲမရှိဘဲ မြန်မြန်ဆန်ဆန်ချက်ပြုတ်နိုင်မှာပဲဖြစ်ပါတယ်။
ဟင်းအိုးက ဆားငန်သွားတဲ့အခါ
သကြား စားပွဲတင်ဇွန်း တစ်ဇွန်းခန့် ထည့်ပြီး အရသာထပ်မြည်းကြည့်လိုက်ပါ။ နည်းနည်းငန်သေးတယ်ဆိုရင် အငန်အရသာမပျောက်မချင်း နောက်တစ်ဇွန်း ထပ်ထည့်ကြည့်လိုက်ပါ။
အမဲသား အနူးမြန်ဖို့အတွက် ဘယ်လိုလုပ်ရမလဲ
အမဲသား မချက်ပြုတ်ခင်မှာ မီရောနိစ်နဲ့ နယ်ပြီး အသားထဲစိမ့်ဝင်သွားအောင် မိနစ်အနည်းငယ်ကြာ စိမ်ထားပေးလိုက်ပါ။
ပြောင်းဖူးပြုတ်များ စားမကုန်တဲ့အခါ
ပြောင်းဖူးပြုတ်များ အများကြီးဝယ်လာတဲ့အခါ (သို့) အများကြီးပြုတ်ထားလို့ စားမကုန်တဲ့အခါ ထိုပြောင်းဖူးပြုတ်ကို ဓားနဲ့ ပြောင်းဖူးစေ့များကို ပန်းကန်လုံးထဲသို့ လှီးချလိုက်ပါ။ ဒါဆိုရင် ပြောင်းဖူးကြော် ဟင်းတစ်ခွက် ကြော်စားလို့ ရသွားပါလိမ့်မယ်။
ဟင်းသီးဟင်းရွက်များကို မပုပ်မသိုးစေဘဲ လတ်လတ်ဆတ်ဆတ်အထားခံအောင် ဘယ်လိုပြုလုပ်ရမလဲ။
ဟင်းသီးဟင်းရွက်များကို လှီးဖြတ်ထားပြီး ခဲဖတ်နဲ့ ပတ်ပေးထားလိုက်ပါ။
ပီဇာ ပြန်နွှေးချင်တယ်ဆိုရင်
မိုက်ခရိုဝေ့ဗ်ထဲ ထည့်နွှေးမယ့်အစား ဒယ်ပြားထဲ ထည့်နွှေးပေးတာက အရသာပိုရှိစေပါတယ်။
သား၊ ငါးခုတ်ထစ်တဲ့အခါ၊ ဟင်းသီးဟင်းရွက် လှီးဖြတ်တဲ့အခါ ဓားကို လက်ထဲက မလွှတ်ကျအောင်
ဓားရဲ့ လက်ကိုင်နေရာကို သားရေကွင်း ပတ်ပေးထားလိုက်ပါ။ လက်ထဲက ခဏခဏ လွှတ်ကျမှာမဟုတ်တော့ပါဘူး။
အိုးခွက် ပန်းကန်တွေ အနံ့ မနံအောင် ဘယ်လိုလုပ်ရမလဲ။
အိုးခွက် ပန်းကန်တွေမှာ ကြက်သွန်နံ့၊ ငါးညှီနံ့ နံတဲ့အခါ ရိုးရိုးရေနဲ့မဆေးဘဲ ရှာလကာရည်နဲ့ ရေတို့ရောစပ်ပြီး ဆေးကြောပေးလိုက်ပါ။
ပေါင်မုန့်ကို ကြာရှည်အထားခံချင်တယ်ဆိုရင်
ပေါင်မုန့်ထည့်တဲ့အိတ် (သို့) ပေါင်မုန့်ထည့်ထားတဲ့ ဘူးထဲသို့ ပန်းသီးစိတ်အနည်းငယ် ထည့်ထားပေးလိုက်ပါ။
အာလူးကြော် ကြွပ်ကြွပ်ရွရွလေး စားချင်ပါသလား။
အာလူးချောင်းများ မကြော်ခင်မှာ ရေဆေးပြီးသား အာလူးချောင်းများကို စက္ကူနဲ့ခြောက်အောင် သုတ်ပြီးနောက် မိုက်ခရိုဝေ့ဗ်ထဲ မိနစ်အနည်းငယ်ထည့်ထားလိုက်ပါ။ ပြီးမှ ကြော်ပေးလိုက်ပါ။ ဒါဆိုရင် အာလူးကြော် ကြွပ်ကြွပ်လေး စားလို့ရပါပြီ။
Source: Brightside.me













