ငှက်ပျောသီးကို လင်းပိုင်လေးဖြစ်အောင် ပုံဖော်ကြည့်ရအောင်။

ငှက်ပျောသီး အခိုင်နားကနေ လက်မဝက်လောက်အကွာမှာ ဓားနဲ့ လှီးလိုက်ပါ။ ပြတ်အောင် မလှီးပါနဲ့။ အဲ့ဒီလှီးထားတဲ့ နားကနေ အခွံကို အလယ်ကနေ လှီးလိုက်ပါ။

ပြီးရင်လှီးထားတဲ့အရာကနေ အခွံကို ခွာလိုက်ပါ။ အထဲက ငှက်ပျောသီးကို ထုတ်လိုက်ပါ။

လက်သန်းတစ်လုံးစာလောက် ပါးပါးလေးတွေ အလျားလိုက် လှီးပါ။

အဆုံး တစ်လက်မလောက်အလိုမှာ အောက်နားကနေ အဖျားလေးကို လှီးထုတ်လိုက်ပါ။ ၂ ဖက်လုံးကို လှီးထုတ်လိုက်ပါ။

ပြောင်းပြန်မှောက်လိုက်ပြီး ပုံပါအတိုင်း အနားအဖျား တစ်ခုခြားစီကို လှီးထုတ်လိုက်ပါ။

ငှက်ပျောသီးရဲ့ အခိုင်နားကို လင်းပိုင်ခေါင်းဖြစ်အောင် လုပ်ပါမယ်။

အခိုင်ကို ဓားလေးနဲ့ ပါးပါးလေး ပုံမှာပြထားတဲ့အတိုင်း လှီးလိုက်ပါ။ ပါးစပ်ပုံစံ တြိဂံပုံစံလေး ဖြစ်အောင်လှီးလိုက်ပါ။

မျက်လုံးနေရာလေးကို ဓားနဲ့ထိုးလိုက်ပြီး မျက်လုံးမှာ အမည်းလေးတပ်လိုက်ပါ။

ငှက်ပျောသီးကို အတုံးလိုက်လေးလှီးပြီးနောက် ခုနက လင်းပိုင်အခွံလေးပေါ်တင်လိုက်ပါ။

ပုံထဲမှာပြထားတဲ့အတိုင်း အတုံးလိုက်လေးတွေ တစ်ခုနဲ့တစ်ခု မညီအောင် တင်လိုက်ပါ။

ဒါဆိုရင်တော့ လှပတဲ့ ငှက်ပျောသီး လင်းပိုင် ပုံစံလေး ရမှာဖြစ်ပါတယ်။