စွပ်ပြုတ်ကြိုက်တတ်ရင် ကြက်စွပ်ပြုတ်ကို မက္ကဆီကန် စတိုင်လေး ပြုတ်သောက်ကြည့်ရအောင်။

 

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၃ တုံး
  • ရေ ၂ လီတာခွဲ
  • အာလူး ၃ လုံး (အခွံခွာပြီး လေးပုံတစ်ပုံ သို့မဟုတ် စတုရန်းတုံးလေးများ လှီးထားပါ)
  • မုန်လာဥနီ ၄ လုံး (အခွံခွာပြီး အလတ်စား အတုံးများ လှီးထားပါ)
  • နံနံပင် ပင်စည် ၁ ခု
  • ခရမ်းချဉ်သီး အနည်းငယ်
  • ကြက်သွန်ဖြူ ၂ မွှာ
  • ကြက်သွန်နီ ၁လုံး
  • ဆား အနည်းငယ်
  • ကြက်သွန်ဖြူ တစ်ဝက်ခန့် ထောင်းထားပါ။
  • သံပရာရည်

 

ချက်ပြုတ်နည်းအဆင့်ဆင့်

ကြက်ရင်အုံသားများကို ရေဖြင့်ဆေးကြောပြီး အတုံးအသေးလေးတွေ  လှီးဖြတ်ထားပါ။

ရေနဲ့ ကြက်ကို အိုးတစ်လုံးထဲတွင်ထည့်ကာ  မီးဖိုပေါ်တင်ပါ။  မီးဖိုကို အရှိန်ပြင်းပြင်းဖြင့် တည်ထားပါ။

အဖုံးအုပ်ထားပြီး ရေဆူလာတဲ့အထိ စောင့်ပြီး ဆူလာရင် အဖုံးကို ဖယ်ကာ အပေါ်မှာတက်လာတဲ့ အမြုပ်တွေကို ဖယ်ပေးပါ။ ပြီးရင် အပူချိန်ကို လျော့ပေးပါ။

မုန်လာဥနီ အာလူး ကြက်သွန်နီ ကို အိုးထဲထည့်ပြီး အဖုံးအုပ်ထားပေးပါ။ မုန်လာဥနီနဲ့ အာလူးများနူးညံ့လာတဲ့အထိ အဖုံးအုပ်ထားပါ၊ နူးလာပြီဆိုရင် အရသာကို ကြိုက်သလိုပြင်ပြီး သုံးဆောင်နိုင်ပါပြီ။