ကျန်းမာရေးအတွက်ဘဲဖြစ်ဖြစ် အလှအပအတွက်ဘဲဖြစ်ဖြစ် ဝိတ်ချနေတဲ့လူ‌တွေမှာ အခက်ခဲဆုံးအရာက ဗိုက်အဆီကျဖို့ဆိုတာ အားလုံးသဘောတူမှာပါ ။ အင်တာနက်မှာ ရက်ပိုင်းအတွင်း ဗိုက်အဆီကျဖို့ အကြံပေးချက်တွေနဲ့ ပြည့်နေပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို စားပြီး ဗိုက်တဝိုက်က အဆီတွေကိုချနိုင်တယ်ဆိုတာ လူသိနည်းကျပါတယ်။

ဒီလိုချရခက်တဲ့ ဗိုက်ကအဆီပိုတွေကို အစားစားရင်း ဖယ်ရှားနိုင်ဖို့ ကာဗိုဟိုက်ဒရိတ်နည်းတဲ့ အိန္ဒိယနံနက်စာတွေက ကူညီပေးနိုင်ပါတယ်။

Oats Idli

​​ပြီးပြည့်စုံတဲ့ နံနက်စာတစ်ခုဖြစ်တဲ့ Oats Idli မှာ အရသာနဲ့  ကျန်းမာရေးအတွက် ကောင်းတဲ့အချက်တွေ  အများကြီးပါဝင်ပါတယ်။ Oats မှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးကို ဂရုစိုက်တဲ့သူတွေအတွက် အထူးသင့်လျော်ပါတယ်။

Moong Dal Cheela

ဒိန်ခဲ အသီးအရွက်တွေပါဝင်ပြီး ပဲကို အခြေခံပြီးလုပ်ထားတဲ့ ဒီမနက်စာဟာ ပရိုတင်းတွေများစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် သင့်တော်ပါတယ်။

Mixed Dal Dosa

နံနက်စာအတွက် ပရိုတင်းဓာတ်ပါဝင်ဖို့ အဓိကလိုချင်ရင် မတူညီတဲ့  ပဲငါးမျိုးရဲ့ ကောင်းကျိုးတွေ ရောစပ်ထားတဲ့ Dal Dosa ကို မဖြစ်မနေ စမ်းကြည့်သင့်ပါတယ်။

Soji-Tomato Upma

Upma ဟာ လူကြိုက်အများဆုံး တောင်အိန္ဒိယဟင်းလျာတွေထဲက တစ်ခုပါ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့အပြင် Healthy Carbs တွေအများကြီး ပါဝင်တာကြောင့်  ဝိတ်ကျဖို့ ကြိုးစားနေတဲ့ သူတွေအတွက် သင့်တော်ပါတယ်။

Anda Bhurji

အရသာရှိလှတဲ့ ဒီကြက်ဥဟင်းက အာဟာရပြည့်ပြီး မနက်ခင်းအတွက် တကယ့်ကိုပြီးပြည့်စုံတဲ့ ဟင်းလျာတစ်ခွက်ပါ။