အိမ်မှာ oven မရှိတဲ့သူတွေအတွက် oven သုံးစရာမလိုပဲနဲ့ အရသာရှိတဲ့ ချောကလက်ကိတ်ရအောင် အလွယ်ပြုလုပ်နိုင်မယ့် နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။

ပန်းကန်လုံးအကြီးထဲကို နွားနို့ – ၁၂၅ မီလီလီတာ၊ ရှာလကာရည် – စားပွဲတင်ဇွန်းတစ်ဝက်၊ သကြား – ၆၇ ဂရမ်၊ ဟင်းချက်ဆီ – ၆၀ မီလီလီတာထည့်ပြီး သကြားတွေပျော်သွားတဲ့အထိ မွှေပေးပါ။

ဂျုံမှုန့် – ၁၅၀ ဂရမ်၊ cocoa powder – ၂၅ ဂရမ်၊ baking powder – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ baking soda – အနည်းငယ်တို့ကို ဇကာနဲ့စစ်ချပြီး မွှေပေးပါ။ ရေနွေး – ၆၀ မီလီလီတာထည့်ပြီး သေချာထပ်မွှေပေးပါ။

မွှေပြီးရင် ကိတ်လုပ်မယ့် pan ထဲကိုထည့်ဖို့ pan အောက်ခြေကို ဆီသုတ်ပါမယ်။ ပြီးမှလောင်းထည့်ပေးပါ။

အိုးကြီးကြီးကို မီးဖိုပေါ်တင်ပြီး ပုံမှာပြထားတဲ့အတိုင်း pan တင်ဖို့ဒေါက်ကိုထည့်ပြီး အဖုံးပိတ်ကာ medium heat နဲ့ ၁၀ မိနစ်လောက် အပူပေးထားပါ။

အချိန်ပြည့်ရင် pan ကိုထည့်ပြီး အဖုံးပိတ်ကာ low heat နဲ့ မိနစ် ၃၀ အပူပေးထားပါ။ အချိန်ပြည့်ရင် အပြင်ထုတ်ပြီး အအေးခံထားပါ။

နောက်ထပ်ပန်းကန်လုံးထဲကို whipping cream – ၄၀၀ မီလီလီတာ၊ powder sugar – ၄၅ ဂရမ်၊ cocoa powder – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး မွှေစက်နဲ့မွှေပေးပါ။

မွှေပြီးရင် ခုနကကိတ်ပေါ်ကိုတင်ပြီး ညီအောင်ညှိုပေးပြီး ထားထားပါ။

ဒယ်အိုးထဲကို cocoa powder – ၂၅ ဂရမ်၊ သကြား – ၅၀ ဂရမ်၊ ဟင်းချက်ဆီ – ၆၀ မီလီလီတာ၊ နွားနို့ – ၁၂၅ မီလီလီတာထည့်ပြီး မွှေပေးပါ။ မွှေပြီးရင် မီးဖိုပေါ်တင်ပြီး ပျစ်ပျစ်လေးဖြစ်လာတဲ့အထိ မွှေပြီးတည်ပေးပါ။

ပျစ်သွားပြီဆိုရင် မီးဖိုပေါ်ကချပြီး ခုနကကိတ်ပေါ် လောင်းချပေးပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၁ နာရီကြာအောင် ထည့်ထားပေးပါ။

အချိန်ပြည့်ရင် အပြင်ထုတ်ပြီး ကိုယ်အဆင်ပြေသလို လှီးပြီးစားနိုင်ပါပြီ။

ဒါဆိုရင်တော့ oven မလိုပဲလုပ်ထားတဲ့ အရသာရှိတဲ့ ချောကလက်ကိတ်ကို ရရှိသွားပြီပဲဖြစ်ပါတယ်။