(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ထမင်းလိပ်ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပြုလုပ်ရလွယ်ကူပြီး အရသာရှိတဲ့ ဂျပန်ရေညှိထမင်းလိပ်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆန် ၇၀၀ ဂရမ်
- ဆော်လမွန်ငါး ၁၂၀ ဂရမ်နှင့် တူနာငါး ၁၂၀ ဂရမ်
- ဂျင်း ၆ ဂရမ် (ပါးပါးလှီးထားပါ)
- မိရောနိစ် ၃၀ မီလီလီတာ
- ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
- ဂျပန်ရေညှိ ၂ ပြားခန့်
- အဖြူရောင် နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
- ရှာလကာရည် ၅၀ မီလီလီတာနှင့် ပဲငံပြာရည်အကြည် ၃၅ မီလီလီတာ
- သကြား ၇၅ ဂရမ်နှင့် ဆား ၅ ဂရမ်
- ရေ ၆၀၀ မီလီလီတာ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဆန်ကို ရေစင်အောင် ဆေးကြောပြီးနောက် ထမင်းပေါင်းအိုးထဲထည့်ကာ တည်ထားလိုက်ပါ။
၂။ အိုးတစ်လုံးကို အပူပေးပြီး ရှာလကာရည်ထည့်ကာ ဆား ၅ ဂရမ်နှင့် သကြား ၄၀ ဂရမ်တို့ထည့်ပြီး ဆားများ ပျော်ဝင်သွားသည်အထိ တည်ထားလိုက်ပါ။ ဒီဆော့စ်ကတော့ ထမင်းနယ်တဲ့အခါ အသုံးပြုရမယ့်ဆော့စ်ပါ။
အခြားအိုးတစ်လုံးကို အပူပေးပြီး ပဲငံပြာရည်အကြည်၊ သကြား ၃၅ ဂရမ်နှင့် ဂျင်းတို့ထည့်ပြီး မွှေပေးကာ သကြားများ အရည်ပျော်သွားသည်အထိ တည်ပေးလိုက်ပါ။ ဒီဆော့စ်ကတော့ ဆော်လမွန်ငါးကြော်တဲ့အခါ အသုံးပြုရမယ့် ဆော့စ်ပါ။
၃။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ ဆီပူလာပါက ဆော်လမွန်ငါးများကို ၃ မိနစ်မှ ၅ မိနစ်ကြော်လိုက်ပါ။ ထို့နောက် ဆော့စ် စားပွဲတင်ဇွန်း ၆ ဇွန်းထည့်ကာ ၂ မိနစ်ခန့် ထပ်ကြော်ပေးရပါမယ်။
၄။ အခြားဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ တူနာငါးများကို ၃ မိနစ်မှ ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၅။ ထမင်းများ ကျက်သွားပါက ဇလုံအကြီးတစ်လုံးထဲထည့်ပြီး ပထမအဆင့်က ပြင်ဆင်ထားသော ဆော့စ်များ ထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။
၆။ ထို့နောက် ထမင်းအနည်းငယ်ကို လက်ဖဝါးပေါ်တင်လိုက်ပြီး တြိဂံပုံသဏ္ဍာန် ပြားနေအောင် လက်ဖဝါးဖြင့် ဖိပေးလိုက်ပါ။ ပြီးရင် တူနာငါးအနည်းငယ်၊ ဆော်လမွန်ငါး အနည်းငယ်ကို ထမင်းရဲ့အလယ်ဗဟိုတည့်တည့်မှာ ထားထားပြီးနောက် ထမင်းရဲ့ဘေးအနား ၃ ဘက်ကို အလယ်ဗဟိုတွင် စုဆုံပေးလိုက်ပါ။ ဒါဆိုရင်တော့ တြိဂံပုံသဏ္ဍာန် ထမင်းလိပ်ရသွားပါပြီ။
၇။ ရေညှိကိုတော့ ၂ လက်မအကျယ်ခန့် လှီးဖြတ်ပြီးနောက် ထမင်းရဲ့ဘေးတစ်ဖက်မှာ ကပ်ပေးလိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ဂျပန်ရေညှိထမင်းလိပ် ရရှိသွားပါပြီ။
Source: Asianfoodchannel.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ထမင္းလိပ္ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ဒီတစ္ခါမွာေတာ့ ျပဳလုပ္ရလြယ္ကူၿပီး အရသာရွိတဲ့ ဂ်ပန္ေရညွိထမင္းလိပ္ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ဆန္ ၇၀၀ ဂရမ္
- ေဆာ္လမြန္ငါး ၁၂၀ ဂရမ္ႏွင့္ တူနာငါး ၁၂၀ ဂရမ္
- ဂ်င္း ၆ ဂရမ္ (ပါးပါးလွီးထားပါ)
- မိေရာနိစ္ ၃၀ မီလီလီတာ
- ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း
- ဂ်ပန္ေရညွိ ၂ ျပားခန္႔
- အျဖဴေရာင္ ႏွမ္းေစ့ စားပြဲတင္ဇြန္း ၁ ဇြန္း
- ရွာလကာရည္ ၅၀ မီလီလီတာႏွင့္ ပဲငံျပာရည္အၾကည္ ၃၅ မီလီလီတာ
- သၾကား ၇၅ ဂရမ္ႏွင့္ ဆား ၅ ဂရမ္
- ေရ ၆၀၀ မီလီလီတာ
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ဆန္ကို ေရစင္ေအာင္ ေဆးေၾကာၿပီးေနာက္ ထမင္းေပါင္းအိုးထဲထည့္ကာ တည္ထားလိုက္ပါ။
၂။ အိုးတစ္လံုးကို အပူေပးၿပီး ရွာလကာရည္ထည့္ကာ ဆား ၅ ဂရမ္ႏွင့္ သၾကား ၄၀ ဂရမ္တို႔ထည့္ၿပီး ဆားမ်ား ေပ်ာ္ဝင္သြားသည္အထိ တည္ထားလိုက္ပါ။ ဒီေဆာ့စ္ကေတာ့ ထမင္းနယ္တဲ့အခါ အသံုးျပဳရမယ့္ေဆာ့စ္ပါ။
အျခားအိုးတစ္လံုးကို အပူေပးၿပီး ပဲငံျပာရည္အၾကည္၊ သၾကား ၃၅ ဂရမ္ႏွင့္ ဂ်င္းတို႔ထည့္ၿပီး ေမႊေပးကာ သၾကားမ်ား အရည္ေပ်ာ္သြားသည္အထိ တည္ေပးလုိက္ပါ။ ဒီေဆာ့စ္ကေတာ့ ေဆာ္လမြန္ငါးေၾကာ္တဲ့အခါ အသံုးျပဳရမယ့္ ေဆာ့စ္ပါ။
၃။ ဒယ္အိုးကို အပူေပးၿပီး ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္းထည့္ကာ ဆီပူလာပါက ေဆာ္လမြန္ငါးမ်ားကို ၃ မိနစ္မွ ၅ မိနစ္ေၾကာ္လိုက္ပါ။ ထို႔ေနာက္ ေဆာ့စ္ စားပြဲတင္ဇြန္း ၆ ဇြန္းထည့္ကာ ၂ မိနစ္ခန္႔ ထပ္ေၾကာ္ေပးရပါမယ္။
၄။ အျခားဒယ္အိုးတစ္လံုးကို အပူေပးၿပီး ဆီ စားပြဲတင္ဇြန္း ၁ ဇြန္းထည့္ကာ တူနာငါးမ်ားကို ၃ မိနစ္မွ ၅ မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။
၅။ ထမင္းမ်ား က်က္သြားပါက ဇလံုအႀကီးတစ္လံုးထဲထည့္ၿပီး ပထမအဆင့္က ျပင္ဆင္ထားေသာ ေဆာ့စ္မ်ား ထည့္ကာ သမေအာင္ နယ္ေပးလိုက္ပါ။
၆။ ထို႔ေနာက္ ထမင္းအနည္းငယ္ကို လက္ဖဝါးေပၚတင္လိုက္ၿပီး ႀတိဂံပံုသ႑ာန္ ျပားေနေအာင္ လက္ဖဝါးျဖင့္ ဖိေပးလိုက္ပါ။ ၿပီးရင္ တူနာငါးအနည္းငယ္၊ ေဆာ္လမြန္ငါး အနည္းငယ္ကို ထမင္းရဲ႕အလယ္ဗဟိုတည့္တည့္မွာ ထားထားၿပီးေနာက္ ထမင္းရဲ႕ေဘးအနား ၃ ဘက္ကို အလယ္ဗဟိုတြင္ စုဆံုေပးလိုက္ပါ။ ဒါဆိုရင္ေတာ့ ႀတိဂံပံုသ႑ာန္ ထမင္းလိပ္ရသြားပါၿပီ။
၇။ ေရညွိကိုေတာ့ ၂ လက္မအက်ယ္ခန္႔ လွီးျဖတ္ၿပီးေနာက္ ထမင္းရဲ႕ေဘးတစ္ဖက္မွာ ကပ္ေပးလိုက္ပါ။
ဒါဆိုရင္ေတာ့ အရသာရွိတဲ့ ဂ်ပန္ေရညွိထမင္းလိပ္ ရရွိသြားပါၿပီ။
Source: Asianfoodchannel.com