အားလုံးပဲ မင်္ဂလာပါ။ တစ်နေ့တာလုံး အားအင်ပြည့်ဝနိုင်ဖို့အတွက် နေ့တစ်နေ့ကို စတင်တဲ့အခါ အာဟာရပြည့်ဝတဲ့မနက်စာကို မဖြစ်မနေ စားသုံးဖို့လိုအပ်ပါတယ်။

စာဖတ်သူတို့အနေနဲ့ Heavy ဖြစ်တဲ့ မနက်စာမျိုးကို မစားချင်ဘူး ပေါ့ပေါ့ပါးပါးနဲ့ ပြုလုပ်ရလွယ်ကူတဲ့ မနက်စာမျိုးကိုမှ စားသုံးချင်သူများအတွက် မိနစ်ပိုင်းအတွင်း အလွယ်တကူပြုလုပ်နိုင်တဲ့ ကြက်ဥ Half-Fried တူနာငါး ဆင်းဒဝှစ်ချ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆလပ်ရွက်
  • ပေါင်မုန့်ချပ်များ ၃ ချပ်၊ ၄ ချပ်ခန့်
  • တူနာငါး ၁၂ အောင်စ
  • မိရောနိစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်ဥ ၂ လုံး (သို့) ၃ လုံး
  • ကြက်သွန်မြိတ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် တူနာငါး၊ မိရောနိစ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပါးပါးလှီးထားသော ကြက်သွန်နီနှင့် သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ကို သမအောင် ရောနယ်လိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

၂။ ထို့နောက် ပေါင်မုန့်ချပ်များကို မီးကင်ရပါမယ်။ မီးကင်စက် မရှိပါက ရိုးရိုးဒယ်အိုးဖြင့် အပူပေးပြီး ကင်လိုက်လို့ရပါတယ်။

၃။ ကြက်ဥများကိုတော့ Half-Fried ကြော်ထားလိုက်ပါ။

၄။ ထို့နောက် ပန်းကန်ပြားတစ်ချပ်ပေါ်တွင် ပေါင်မုန့်မီးကင်တစ်ချပ် တင်ထားလိုက်ပါ။ ထိုပေါ်မုန့်ချပ်ပေါ်သို့ ဆလပ်ရွက်တင်ပါ။ ထို့နောက် နယ်ထားသော တူနာငါးအရောအနှောများဖြင့် သုတ်ပေးလိုက်ပါ။ တူနာငါးပေါ်တွင် ကြက်ဥ Half-Fried တစ်ခု ထပ်တင်ပါ။ ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူးထည့်ပါ။ ကြက်ဥမြိတ် အနည်းငယ်ထည့်ပြီး အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥ Half-Fried တူနာငါး ဆင်းဒဝှစ်ချ်လေး ရရှိသွားပါပြီ။ စာဖတ်သူတို့အနေနဲ့ အထက်ဖော်ပြပါနည်းလမ်းအတိုင်း ပေါင်မုန့်တစ်ချပ်စီအတွက် ကြက်ဥ ၁ လုံးစီကို အသုံးပြုနိုင်သလို ပေါင်မုန့်ချပ် နှစ်ချပ်အတွက် ကြက်ဥ ၁ လုံးစီ အသုံးပြုကာ သုံးဆောင်နိုင်ပါတယ်။

Source: Joyousapron.com