အားလုံးပဲ မင်္ဂလာပါ။ ဖက်ထုပ်ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကင်ချီ ဝက်သားဖက်ထုပ်ကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၈ အောင်စ (နုပ်နုပ်စဉ်းထားပါ)
  • ကင်ချီ စားပွဲတင်ဇွန်း ၁၆ ဇွန်း (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဖက်ထုပ်လိပ်ရန် လိုအပ်သော ဖက်ထုပ်ရွက် ၃၂ ခု
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ဝက်သား၊ ကင်ချီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ပဲငံပြာရည်၊ ရှာလကာရည်နှင့် နှမ်းဆီတို့ထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

၂။ ဖက်ထုပ်ရွက်များကို စဉ်းနီတုံးပေါ်တွင် အစီအရီ တင်ထားလိုကပါ။ ထို့နောက် ကင်ချီ ဝက်သားအစာသွပ် စားပွဲတင်ဇွန်း ၁ ဇွန်းခန့် ခပ်ယူကာ ဖက်ထုပ်ရွက်အလယ်တည့်တည့်တွင် တင်ထားလိုက်ပါ။ ထို့နောက် ဖက်ထုပ်ကို လခြမ်းပုံသဏ္ဍာန် လိပ်ပြီးနောက် အနားသတ်များကို တစ်ထပ်ချင်းစီ ထပ်ကာ ဖိပေးရပါမယ်။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ထို့နောက် ဖက်ထုပ်များထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်လိုက်ပါ။ ထို့နောက် ရေ စားပွဲတင်ဇွန်း ၄ ဇွန်းခန့်ထည့်ကာ အဖုံးအုပ်ပြီးနောက် ရေများ ခမ်းသွားသည်အထိ တည်ထားပါ။

၃ မိနစ်၊ ၅ မိနစ်ခန့် ပြည့်သွားပြီဆိုရင်တော့ ဖက်ထုပ်လေးက ရွှေညိုရောင်လေး ပြောင်းသွားပါလိမ့်မယ်။

၄။ ဒါဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကင်ချီ ဝက်သားဖက်ထုပ်ကြော်လေး ရရှိသွားပါပြီ။

Source: Damndelicious.net