ပစ္စည်းတစ်ခုကို ကြာရှည်စွာအသုံးပြုချင်တယ်ဆိုရင် ထိုပစ္စည်းကို ဂရုတစိုက်နဲ့ စနစ်တကျ ထိန်းသိမ်းပေးရမှာပဲဖြစ်ပါတယ်။ ထိုကဲ့သို့ ထိန်းသိမ်းတဲ့နေရာမှာလည်း စနစ်တကျ တိုက်ချွတ်ဆေးကြောတတ်ဖို့လိုပါမယ်။

ဒါမှ ထိုပစ္စည်းက အသစ်အတိုင်း တောက်ပြောင်သန့်ရှင်းနေပြီး အသုံးပြုရတာလည်း စိတ်လက်ကြည်လင်နေမှာပဲဖြစ်ပါတယ်။ တကယ်လို့ သင့် အနေနဲ့ အချိန်အကြာကြီးပေးပြီး တိုက်ချွတ်ဆေးကြောဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို အသုံးပြုကြည့်လိုက်ပါ။

Microwave ကို အချိန်တိုအတွင်း သန့်စင်သွားဖို့အတွက်

ရေ ၂၅၀ မီလီလီတာ၊ သံပုယိုရည် ၁၂၅ မီလီလီတာတို့ကို ရောနှောပြီး ပန်းကန်လုံးတစ်လုံးထဲတွင် ထည့်ပါ။ ထိုပန်းကန်လုံးကို မိုက်ခရိုဝေ့ဖ်ထဲ ထည့်ကာ ၃ မိနစ်မှ ၅ မိနစ်ခန့်အထိ အပူပေးလိုက်ပါ။ ၅ မိနစ်ပြည့်ပါက မိုက်ခရိုဝေ့ဖ်မီးကို ပိတ်လိုက်ပါ။ မိုက်ခရိုဝေ့ဖ်ထဲမှ မထုတ်ခင် ထိုပန်းကန်လုံးကို ၅ မိနစ်မှ ၁၀ မိနစ်ခန့်အထိ ထည့်ထားရပါဦးမယ် အချိန်ပြည့်မှ ပန်းကန်လုံးကို ထုတ်လိုက်ပါ။

ကော်ဖီဖျော်စက်ကို ဘယ်လို သန့်ရှင်းရေးလုပ်ရမလဲ

ကော်ဖီဖျော်စက်ကို သန့်ရှင်းရေးလုပ်ဖို့အတွက် ရေခဲတုံး၊ ဆားနဲ့ သံပုယိုသီးတို့ လိုအပ်ပါလိမ့်မယ်။ ကော်ဖီဖျောက်စက်ထဲသို့ ရေခဲတုံးများထည့်လိုက်ပါ။ သံပုယိုသီးတစ်လုံးကို ထိုစက်ထဲသို့ အရည်ညှစ်ထည့်လိုက်ပါ။ ဆား စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ပြီးရင် အဖုံးပိတ်ကာ ထိုစက်ကို ၂ မိနစ်ခန့် လှုပ်ခါပေးရပါမယ်။ ဒါဆိုရင်တော့ ဖျော်စက်ရဲ့ မျက်နှာပြင် သန့်ရှင်းတောက်ပြောင်လာတာကို မြင်တွေ့ရပါလိမ့်မယ်။ ထို့နောက် ရေစင်အောင် ဆေးပေးလိုက်ပါ။

အစားအသောက်များ စွန့်ပစ်တဲ့ အမှိုက်ပုံးကို အနံ့အသတ်နဲ့ ပိုးမွှားများ ကင်းစင်အောင် ပိုးသတ်ချင်တယ်ဆိုရင်

ရေခဲတုံးများကို ကြိတ်ချေလိုက်ပါ။ ထို့နောက် ရှာလကာရည်နဲ့ ရေတို့ကို အချိုးတူအောင် ရောစပ်ပြီးနောက် စောစောက ရေခဲတုံးများနဲ့ ရောပေါင်းလိုက်ပါ။ ထို့နောက် အမှိုက်ပုံးထဲသို့ လောင်းထည့်လိုက်ပါ။ ထိုအမှိုက်ပုံးက ပိုးမွှားကင်းစင်ပြီး အနံ့အသက်လည်း နံနေမှာမဟုတ်တော့ပါဘူး။

သစ်သီးဖျော်စက်ကို ဆေးကြောသန့်စင်ဖို့အတွက်ဆိုရင်

သစ်သီးဖျော်စက်ကို အားရပါးရအသုံးပြုပြီးတဲ့အခါ ထိုဖျော်စက်ထဲသို့ ဆပ်ပြာရည်အနည်းငယ်နဲ့ ရေ ထည့်ထားလိုက်ပါ။ ထို့နောက် ဖျော်စက်ကို ခလုတ်နှိပ်ပြီး စက္ကန့် ၂၀ ခန့် မွှေခိုင်းရပါမယ်။ အချိန်ပြည့်တာနဲ့ ထိုဆပ်ပြာရည်တွေကို သွန်ပစ်လိုက်ပါ။ ပြီးရင် ရေနဲ့ နှစ်ခေါက်လောက် ပြန်ကျင်းပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ ဖျော်စက်ကို တပင်တပန်းကြီး တိုက်ချွတ်ဆေးကြောစရာမလိုဘဲ သန့်ရှင်းတောက်ပြောင်သွားပါလိမ့်မယ်။

Source: rd.com