အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ချိုချိုမွှေးမွှေး လူကြိုက်များတဲ့ နာနတ်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။

၁။ အာဟာရဓာတ်ကြွယ်ဝ

Pineapple

နာနတ်သီးက ကယ်လ်လိုရီပါဝင်မှုနည်းပြီး အာဟာရဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။

ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ မဂ္ဂနစ်၊ ဗီတာမင် B6၊ ကြေးနီ၊ ဖောလိတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်နဲ့ တခြားအာဟာရဓာတ်တွေပါဝင်ပါတယ်။

၂။ Antioxidant ပါဝင်

အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပြီး၊ Radical တွေကြောင့် အသားအရေပျက်စီးခြင်း၊ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။

၃။ အစာချေစနစ်ကောင်းမွန်

PineappleBromelain လို့ခေါ်တဲ့ အစာချေတဲ့ အင်ဇိုင်းပါဝင်ပါတယ်။ အစာချေစနစ်ကို အမြင့်ဆုံးမြင့်တင်ပေးနိုင်တာကြောင့် လူတိုင်းအတွက် အသုံးဝင်ပါတယ်။

၄။ ကင်ဆာဖြစ်ပွားမှုကိုလျှော့ချပေး

နာနတ်သီးမှာပါတဲ့ Bromelain အင်ဇိုင်းက ရင်သားကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်သလို၊ အရေပြားကင်ဆာနဲ့ တခြားကင်ဆာဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ပါတယ်။

၅။ ရောင်ရမ်းမှုကိုသက်သာစေခြင်း

ရောင်ရမ်းမှုကိုသက်သာစေနိုင်တဲ့ဓာတ်ပါဝင်တာကြောင့် အဆစ်အမြစ်ရောင်ရမ်းခြင်းတွေကို ကာကွယ်ပေးပါတယ်။ သုတေသနာပြုချက်တွေအရ ၁၉၆၀ အစောပိုင်းကာလတွေမှာ အဆစ်အမြစ်ရောင်ရမ်းခြင်းကိုသက်သာဖို့ နာနတ်သီးကိုအသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။

အလွယ်တကူနဲ့ရှာလို့ရပြီး ကလေးရောလူကြီးပါကြိုက်ကြတဲ့နာနတ်သီးကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင်တော့ အရသာလည်းရှိ ကျန်းမာရေးနဲ့လည်းညီညွတ်နေမှာသေချာပါတယ်နော်။