ကဲ ကိုယ့်ရဲ့ချစ်သူ ခင်သူတွေနဲ့အတူတူ Valentine Day မှာ အသည်းပုံစံ ဂဏန်းပတ်ကြက်ဥ ကြော်လေး လုပ်စားရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး
  • ဂဏန်း ချောင်း ၃ ချောင်း
  • ကိုယ်ကြိုက်နှစ်သက်တဲ့ ဟင်းသီးဟင်းရွက် (မုန်လာဥနီ၊ ငရုတ်ပွသီး စသဖြင့်) တောက်တောက်စဉ်းထားပါ
  • ဆားအနည်းငယ်
  • ဆီ အနည်းငယ်

ပြုလုပ်နည်း

ဂဏန်းချောင်းကို အသည်းပုံစံဖြစ်အောင် အစွန်း၂ ဖက်ကို ပုံထဲမှာ အတိုင်း ကွေးအောင် ထိအောင် လုပ်ပြီး သွားကြားထိုးတံနဲ့ ထိုးထားလိုက်ပါ။

ဂဏန်းချောင်းတွေ အေးခဲနေချိန်မှာလုပ်ရင် ပိုကောင်းပါတယ်။

ကြက်ဥကို မွှေလိုက်ပြီး ကိုယ်ကြိုက်တဲ့ ဟင်းသီးဟင်းရွက် တို့ကိုထည့်၊ ဆားကိုထည့်ပြီး မွှေပါ။

ဒယ်အိုးထဲဆီ နည်းငယ်ထည့်ပြီး မီးအေးအေးနဲ့ ထားပါ။ အသည်းပုံစံ ဖော်ထားတဲ့ ဂဏန်းချာင်းထဲကို ကြက်ဥတွေထည့်ပါ။

အသည်းပုံစံ ကြက်ဥတွေ ရလာရင် ခရမ်းချဉ်သီး ဆော့နဲ့ အလှဖော်ပြီး စားလို့ရပါပြီနော်။

Photos Credit: MyKorean Kitchen