အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းက လူငယ်လူရွယ်တွေမှာ အဖြစ်နည်းပြီး အသက်အရွယ်ကြီးရင့်တဲ့ လူကြီးတွေမှာ ပိုအဖြစ်များပါတယ်။ အဆစ်အမြစ် ရောင်ရမ်းခြင်းကြောင့် နာကျင်ကိုက်ခဲခြင်းဝေဒနာကို မကြာခဏခံစားနေရပြီဆိုရင်တော့ မိမိရဲ့လူနေမှုဘဝပုံစံ၊ စားသောက်မှုပုံစံတွေကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။

စာဖတ်သူအနေနဲ့ မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိမိရဲ့ချစ်သူခင်သူ တစ်ယောက်ယောက်က အဆစ်အမြစ်များ နာကျင်ကိုက်ခဲတတ်တယ်ဆိုရင် အခုဖော်ပြမယ့်အချက်များကို လိုက်နာကျင့်သုံးကြည့်ဖို့ တိုက်တွန်းကြည့်လိုက်ပါ။

မိမိစားသုံးမှုပုံစံကို ပြောင်းလဲကြည့်လိုက်ပါ။

Sweets

မိမိတစ်နေ့တာစားသုံးတဲ့အစားအစာတွေထဲမှာ အချိုနဲ့ အဆီအဆိမ့်တွေ များလွန်းနေပြီလား။ များနေပြီဆိုရင်တော့ အချိုနဲ့ အဆိမ်အဆိမ့်တွေကို ရှောင်ကြဉ်ဖို့ လိုအပ်နေပါပြီ။ အဆီနဲ့ အချိုစာတွေအစား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ များများစားသုံးပေးရပါမယ်။

မိမိရဲ့ ကိုယ်အလေးချိန်ကို ထိန်းချုပ်ပါ

သက်ကြီးရွယ်အိုတွေ ဘာ့ကြောင့် ဒူး ခဏခဏ နာရသလဲဆိုတာကို သင် သိပါသလား။

လေ့လာချက်များအရ သင့်ခန္ဓာကိုယ်အလေးချိန်စုစုပေါင်းရဲ့ ၃ ဆခန့်ကို ဒူးက သယ်ဆောင်ထားရပြီး သင့်ကိုယ်အလေးချိန်ရဲ့ ၆ ဆခန့်ကို တင်ပါးက သယ်ဆောင်ထားရပါမယ်။ ဒါ့ကြောင့် သင်က အဝလွန်ပြီဆိုရင်တော့ ဒူးနာခြင်း၊ ခါးနာခြင်းတွေကို ခံစားရနိုင်ချေများပါတယ်။

ဒါ့ကြောင့် ငယ်ရွယ်စဉ်ကတည်းက အဝမလွန်အောင် ထိန်းချုပ်သင့်ပါတယ်။

အိုမီဂါသရီး များများမှီဝဲပါ။

မကြာသေးမှီက လေ့လာချက်အရ အိုမီဂါသရီး ဖက်တိအက်ဆစ်က ခန္ဓာကိုယ် ရောင်ရမ်းခြင်းကို လျော့ချပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် အဆီပိုတွေကိုလည်း လောင်ကျွမ်းစေပါတယ်။ သင့်အနေနဲ့ ကြွက်သားနဲ့ အဆစ်အမြစ်များ နာကျင်ကိုက်ခဲလာပြီဆိုရင် အိုမီဂါသရီး ဖက်တီအက်ဆစ်ကြွယ်ဝတဲ့ တူနာငါး၊ ငါးသေတ္တာငါး၊ ဆော်လမွန်ငါး စတဲ့ အစားအစာများ၊ အစေ့အဆံများ များများစားသုံးပေးရပါမယ်။

ဂျင်း များများစားပါ

ထမင်းစားတိုင်းမှာ ဂျင်း များများပါတဲ့ဟင်းမျိုး ချက်စားခြင်းအားဖြင့် အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း ဝေဒနာကို သက်သာအောင် လျော့ချနိုင်ပါတယ်။

ဗီတာမင်ဒီ မှီဝဲပါ

အရိုးအဆစ်များ ကျန်းမာဖို့အတွက် ဗီတာမင်ဒီ လိုအပ်ပါတယ်။ အခုလို အရိုးအဆစ်များ နာကျင်ကိုက်ခဲနေခြင်းက ဗီတာမင်ဒီ ချို့တဲ့ခြင်း လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ သင့် ခန္ဓာကိုယ်က ဗီတာမင်ဒီဓာတ် ရရှိနိုင်ဖို့ရန်အတွက် နေရောင်ဖြင့် မကြာမကြာထိတွေ့ပေးပါ။ ဗီတာမင်ဒီကြွယ်ဝသော အစားအစာတွေဖြစ်တဲ့ ငါး၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ထောပတ်သီး၊ မှိုအမျိုးမျိုး၊ ကြက်ဥအကာ တို့ စားသုံးနိုင်သလို ဗီတာမင်ဒီ အားဆေးများလည်း မှီဝဲနိုင်ပါတယ်။

Source : Brightside.me