ဟင်းနုနွယ် မှန်မှန်စားသုံးပေးခြင်းအားဖြင့် အရိုးအဆစ်များကို သန်မာစေခြင်း၊ မျက်စိအားကောင်းစေခြင်း၊ ကိုယ်ခံအား မြင့်တင်ပေးခြင်း၊ နှလုံးအားကောင်းစေခြင်းနှင့် စွမ်းအင်ပြည့်ဝစေခြင်း အစရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါတယ်။

ဒီလိုကျန်းမာရေးနဲ့ ညီညွှတ်တဲ့ဟင်းနုနွယ်ကို အရသာရှိအောင် ဘယ်လိုသုပ်စားနိုင်မလဲဆိုတာကို MyFood Myanmar ရဲ့ အစားအသောက်ချစ်သူတို့အတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းနုနွယ် ၁ စည်း (အရိုးနှင့် အရွက်များ ချွေထားပါ)
  • မုန်လာဥနီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း (လေးထောင့်အတုံးငယ် လှီးထားပါ)
  • နှမ်းစေ့ စားပွဲတင်ဇွန်းတစ်ဝက်
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • တစ်လက်မပတ်လည်း ဂျင်းတုံး တစ်တုံး (ပါးပါးလှီးထားပါ)

  • ရေနွေးပူ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဂျင်းကို ပါးပါးလှီးပြီးနောက် ပန်းကန်လုံးတစ်လုံးထဲသို့ ထည့်ပါ။ ထို့နောက် ရေနွေးပူ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး မိနစ် ၂၀ ခန့် စိမ်ထားလိုက်ပါ။ မိနစ် ၂၀ ပြည့်တဲ့အခါ ထိုပန်းကန်လုံးထဲသို့ ပဲငံပြာရည်၊ ဆား၊ နှမ်းဆီနှင့် ရှာလကာရည်တို့ထည့်ကာ သမအောင် ရောမွှေပါ။

၂။ အိုးတစ်လုံးထဲသို့ ရေထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ပါ။ ရေနွေးဆူလာပြီဆိုရင်တော့ ဟင်းနုနွယ်နှင့် မုန်လာဥများကို စက္ကန့် ၃၀ ခန့် ပြုတ်လိုက်ပါ။

၃။ ထို့နောက် ဟင်းနုနွယ်နှင့် မုန်လာဥများကို ရေ သေချာစစ်ပြီးနောက် ပန်းကန်လုံးအကြီးထဲသို့ ပြောင်းထည့်ပါ။ ထို့နောက် အဆင့် (၂) က ပြုလုပ်ထားသော ပဲငံပြာရည်အရောအနှောများ၊ နှမ်းစေ့နှင့် ကြက်သွန်မြိတ်တို့ ပေါင်းထည့်ပြီး သမအောင် ရောနယ်ပါ။

၄။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ထိုဟင်းရွက်သုပ်ကို ဇောက်နက်သော ပန်းကန်လုံးအသေးတစ်လုံးထဲသို့ ထည့်ပါ။ ထို့နောက် ထိုပန်းကန်လုံးကို ပန်းကန်ပြားတစ်ချပ်ပေါ်တွင် မှောက်ပြီးနောက် ပန်းကန်လုံးကို ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မုန်လာဥနီ ဟင်းနုနွယ်သုပ်လေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com