အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ မှိုနဲ့ ရောချက်ထားတဲ့ ပုစွန်ဟင်းလျာ ချက်ပြုတ်ပြင်ဆင်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မှို ပန်းကန်လုံး ၁ လုံးစာ (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ စားပွဲတင်ဇွန်း ၄ ဇွန်းစာ (အဝိုင်းလိုက် ပါးပါးလှီးထားပါ)
  • ပုစွန် ပန်းကန်လုံး ၁ လုံးစာ
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၃ ပင် (ဒေါင်လိုက် ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ခရုဆီ၊ ငါးငံပြာရည်၊ ပဲငံပြာရည်တို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

၂။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းခွဲထည့်ပါ။ ဆီပူလာပါက ပုစွန်များထည့်ကာ စက္ကန့် ၂၀ ခန့် ကြော်ပါ။ ထို့နောက် ပါးပါးလှီးထားသော မုန်လာဥနီများထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်ပါ။

၃။ ထို့နောက် မှိုထည့်ပါ။ အဆင့် (၁) က ဖျော်ထားသော ဆော့စ်များ လောင်းထည့်ကာ နောက်ထပ် ၁ မိနစ်ခန့်မွှေပါ။

တစ်မိနစ်ပြည့်ပါက ရေ စားပွဲတင်ဇွန်း ၁ ဇွန်းခန့်ထည့်ပါ။ ကြက်သွန်မြိတ်ထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်ပါ။

အားလုံးကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ မှိုနှင့် ပုစွန်ရောကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Siamsizzles.com