အားလုံးပဲ မင်္ဂလာပါ။ ထမင်းကြော်ကို ပုစွန်ငါးပိနဲ့ အရသာရှိပြီး အစပ်အဟပ်တည့်အောင် ဘယ်လိုကြော်စားနိုင်မလဲဆိုတာကို အိမ်ရှင်မများအတွက် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၁ လုံးစာ
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • ပါးပါးလှီးထားသော ပဲသီး စားပွဲတင်ဇွန်း တစ်ဝက်
  • ပုစွန်ငါးပိ စားပွဲတင်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ ၂ မြွှာ

  • ပုစွန်ခြောက် စားပွဲတင်ဇွန်း တစ်ဝက်
  • ငရုတ်သီးစိမ်း ၂ တောင့်
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၄ ပုံ ၃ ပုံ
  • သကြား စားပွဲတင်ဇွန်း ၄ ပုံ ၃ ပုံ

  • ကြက်ဥ ၂ လုံး
  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်
  • မက်ကရယ်ငါးအသေး (သို့) မိမိကြိုက်နှစ်သက်ရာ ငါး ၁ ကောင်

ပြုလုပ်နည်း အငဆ့်ဆင့်

၁။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့ကို ငရုတ်ဆုံထဲထည့်ထောင်းပါ။ ထို့နောက် ပုစွန်ငါးပိ စားပွဲတင်ဇွန်း တစ်ဝက်၊ ငါးငံပြာရည်၊ ပုစွန်ခြောက်၊ သကြား၊ သံပုယိုရည်တို့ထည့်ကာ ညှက်အောင် ထောင်းလိုက်ပါ။

၂။ ကြက်ဥ ၂ လုံးကို ပန်းကန်လုံးထဲ ဖောက်ထည့်ပြီးနောက် ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်ထည့်ကာ သမအောင် မွှေခလောက်လိုက်ပါ။

ထို့နောက် ဒယ်အိုးကို ဆီထည့်ကာ ကြက်ဥ ကြော်ပေးလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ မက်ကရယ်ငါး ကြော်ပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်ထဲ ဖယ်ထည့်ထားပါ။

တစ်ဖန် ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း တစ်ဝက်ထည့်ပါ။ ဆီပူလာပါက ထမင်းထည့်ပါ။ ပဲသီးထည့်ပါ။ ၂ မိနစ်ခန့် မွှေကြော်ပါ။ ထို့နောက် စောစောက ထောင်းထားသော ပုစွန်ငါးပိထောင်း စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ထည့်ကာ သမအောင် မွှေကြော်ပါ။

၄။ ထမင်းကြော်ကို အရသာအပေါ့အငန် မြည်းစမ်းကြည့်ပြီးနောက်မှာတော့ စောစောက ကြက်ဥကြော်ထဲထည့်ကာ ကြက်ဥကို တစ်ဖက်ခြမ်းသို့ လိပ်ပေးလိုက်ပါ။ (သို့) မိမိကြိုက်နှစ်သက်သလို ပုံဖော်ပေးနိုင်ပါတယ်။

ထို့နောက် မက်ကရယ်ငါးကြော်ကို ဘေးနားမှာ ပုံထားပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန်ငါးပိ ထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Siamsizzles.com