အသင့်စား ခေါက်ဆွဲလေးကို အသား၊ မှို တွေနဲ့ အတူ ခပ်ဆန်းဆန်းလေး သုတ်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • အသင့်စား ခေါက်ဆွဲ ခြောက် ၁ ထုပ်
  • ကြက်သွန်နီ ၂ ခု (ပါးပါးလှီးထားပါ)
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြိတ်ထားတဲ့ ဝက်သား ၁၀၀ ဂရမ်
  • တရုတ်နံနံ အနည်းငယ်

  • ကြက်အူချောင်း ၃ ချောင်း (လှီးထားပါ)
  • ငရုတ်သီး အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရမ်းချဉ်သီး ၂ လုံး (အတုံးသေးလေးတွေ လှီးထားပါ)
  • မှို ၃ ခု

  • ငရုတ်သီး တောင့် ၄ တောင့်
  • သံပုရာသီး အရည် စားပွဲတင်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်

ပြုလုပ်နည်း

ပထမဆုံး ရေကို ဆူအောင်တည်ပါ။ ပြီးရင် မှိုကိုထည့်ပြီး ၂ မိနစ်လောက်ကြာရင် မှိုလည်း ကျက်သွားရင် ပြန်ဆယ်ထားပါ။

ကြက်အူချောင်း ကိုထည့်ပါ။ ကြက်အူချောင်း ကျက်သွားရင် ပြန်ဆယ်ထားလိုက်ပါ။

အသင့်စား ခေါက်ဆွဲခြောက်ကိုလည်း ထည့်ပြီး ကျက်သွားရင် ပြန်ဆယ်ထားလိုက်ပါ။

ရေထဲကို ဆီနည်းနည်းထည့်ပြီး အသားကို ထည့်လိုက်ပါ။

ခုနက ပြုတ်ထားတဲ့အသားနဲ့ အရည်ကို ခွက်တစ်ခွက်ထဲထည့်လိုက်ပါ။

ငါးငံပြာရည်၊ သံပုရာရည်၊ ငရုတ်သီးတောင့်၊ သကြား၊ ငရုတ်သီးအနှစ်ထည့်ပြီး နယ်လိုက်ပါ။

ပန်ကန်လုံးထဲကို ခေါက်ဆွဲ၊ ကြက်အူချောင်းတို့ကို ထည့်ပါ။ ခရမ်းချဉ်သီးကိုထည့်ပါ။ တရုတ်နံနံနဲ့ ကြက်သွန်တို့ကိုထည့်ပါ။ ခုနက အသားနဲ့ ရောနယ်ထားတာတွေကို အပေါ်ကနေ ထည့်လိုက်ပါ။

မွှေလိုက်ရင် အရသာရှိတဲ့ ချဉ်ချဉ်စပ်စပ် ခေါက်ဆွဲ သုတ်ကို ရရှိမှာဖြစ်ပါတယ်။

စာဖတ်ပရိတ်သတ်တွေလည်း အသင့်စား ခေါက်ဆွဲကို လုပ်စားနိုင်တဲ့ တခြားနည်းလမ်းလေးတွေ ရှိရင် မျှဝေခဲ့ဦးနော်။

ချဉ်ချဉ်စပ်စပ် အသင့်စား ခေါက်ဆွဲသုတ်