အားလုံးပဲ မင်္ဂလာပါ။ ကင်းမွန်၊ ပြည်ကြီးငါး၊ ရေဘဝဲဟင်းတို့ကို ကြိုက်နှစ်သက်သူများအတွက် ပင်စိမ်းရွက်အုပ်ထားတဲ့ ပြည်ကြီးငါးအစပ်ဟင်း ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး ၃၀၀ ဂရမ် (ရေဆေးသန့်စင်ပြီးနောက် အကွင်းလိုက် လှီးဖြတ်ထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ

Source: Csfoods.sg

  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ငရုတ်သီးတောင့် ၄ တောင့် (ပါးပါးလှီးထားပါ)
  • ပင်စိမ်းရွက် ပန်းကန်လုံး ၁ လုံးစာ
  • ပဲသီး စားပွဲတင်ဇွန်း ၂ ဇွန်း (ပါးပါးလှီးထားပါ)
  • ပြောင်းဖူးပေါက်စ စားပွဲတင်ဇွန်း ၂ ဇွန်း (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလပါက ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့်ကာ စက္ကန့် ၃၀ ခန့် ဆီသတ်ပါ။ ထို့နောက် ပဲသီး၊ ပြောင်းဖူးတို့ထည့်ကာ နောက်ထပ် စက္ကန့် ၂၀ ခန့် မွှေကြော်ပါ။

၂။ ထို့နောက် ပြည်ကြီးငါး ထည့်ပါ။ ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ၂ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၃။ ထို့နောက် ငရုတ်သီးတောင့်၊ ခရုဆီ၊ ငါးငံပြာရည်တို့ထည့်ကာ ၂ မိနစ်ခန့် ကြော်ပါ။

၄။ နောက်ဆုံးမှာတော့ မီးပိတ်လိုက်လို့ရပါပြီ။ ပင်စိမ်းရွက်ကိုတော့ မီးပိတ်ပြီးမှ ထည့်ကာ နောက်ဆုံးတစ်ကြိမ်ခန့် မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ ပင်စိမ်းနံ့သင်းသင်းလေးနဲ့ အရသာရှိတဲ့ ပြည်ကြီးငါးဟင်း စပ်စပ်လေး ရရှိသွားပါပြီ။

Source: Siamsizzles.com