အားလုံးပဲ မင်္ဂလာပါ။ ပရိုတင်းဓာတ် ပြည့်ဝပြီး အာဟာရဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ကြက်သားကို ကျန်းမာရေးနဲ့ ညီညွှတ်စွာ စားသုံးချင်သူများအတွက် စပါးလင်နဲ့ ပေါင်းထားတဲ့ ကြက်ပေါင်းဟင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ကောင်
  • အချောင်းလိုက် ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • စပါးလင် ၉ ချောင်း (ဓားပြားရိုက်ထားပါ)
  • နံနံပင် ၃ ပင် (ပါးပါးလှီးထားပါ)
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၃ ဇွန်း

Source: Ifoodreal.com

  • ငရုတ်သီးအနီ ၁ တောင့် (ပါးပါးလှီးထားပါ)
  • သံပုရာသီး ၁ လုံး (လေးစိပ် စိပ်ထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားရဲ့အတွင်းကလီစာများကို ဖယ်ရှားပြီး သန့်စင်ထားပါ။ ထို့နောက် ခြောက်သွေ့အောင် သန့်စင်သော အဝတ်စဖြင့် သုတ်ထားပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ဂျင်း၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်တို့ထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် ကြက်သားကို စောစောက ဖျော်ထားသော ဆော့စ်ဖြင့် ပွတ်တိုက်ပေးလိုက်ပါ။

ထို့နောက် ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၂ နာရီခန့် နှပ်ထားလိုက်ပါ။

၃။ ကြက်သား နှပ်ပြီးတဲ့အခါမှာတော့ အပူဒဏ်ခံနိုင်သော ပန်းကန်ပြားပေါ်တွင် စပါးလင် ၂ ပင်ခန့် ထားထားပါ။ ကြက်သားကိုတော့ စပါးလင်ပေါ် တင်ထားပါ။

ထို့နောက် ကြက်သားကို Oven ထဲတွင် ၄၅ မိနစ်ခန့် ထည့်ပေါင်းထားနိုင်သလို ရေထည့်ထားသော ပေါင်းအိုးထဲထည့်၍လည်း ပေါင်းထားနိုင်ပါတယ်။

၄။ ကြက်သား ကျက်အောင် ပေါင်းပြီးတဲ့အခါမှာတော့ အခြားပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။

ပြီးရင်တော့ ဆော့စ်ပြုလုပ်ရန်အတွက် ကြက်သားပေါင်းစဉ်က ရရှိခဲ့သော အရည်ကို ဒယ်အိုးထထြည့်ပါ။ ဒယ်အိုးကို အပူပေးညပီးနောက် ဆား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည် အနည်းငယ်ထည့်ပါ။ ပြောင်းမှုန့်နှင့် ရေတို့ထည့်ကာ ပွက်ပွက်ဆူလာသည်အထိ ထည်ထားလိုက်ပါ။

ဆော့စ်က ပျစ်သွားပြီဆိုရင်တော့ ကြက်သားပေါ် ဆမ်းထည့်ပေးလိုက်ပါ။ ထို့နောက် ငရုတ်သီးစိမ်း၊ နံနံပင်၊ သံပုရာသီးစိပ်လေးများဖြင့် အလှဆင်ပေးလိုက်မယ်ဆိုရင်တော့ အရသာရှိတဲ့ ကြက်ပေါင်းဟင်းလျာလေး ရရှိသွားပါပြီ။

Source: Asianfoodnetwork.com