အားလုံးပဲ မင်္ဂလာပါ။ အသားလေး နူးနူးအိအိလေးနဲ့ စားလို့အင်မတန်ကောင်းတဲ့ ငါးပေါင်းဟင်းလျာ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မိမိကြိုက်နှစ်သက်ရာ ငါးတစ်မျိုးမျိုး ၁၂ အောင်စ
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • တစ်လက်မခွဲပတ်လည် ဂျင်းတုံး ၁ တုံး (အခွံခွာပြီးနောက် အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)

  • မုန်လာဥနီ တစ်ဝက် (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၅ ပင် (မုန်လာဥနီကဲ့သို့ အရှည်လိုက် ပါးပါးလှီးထားပါ)

ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၂ ဥ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ (သို့) ၂ ဇွန်း

  • ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံစီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငါးကို ပန်းကန်လုံးထဲထည့်ပြီးနောက် နှမ်းဆီ၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ထားလိုက်ပါ။

၂။ ဆော့စ် ပြုုလပ်ရန်အတွက် ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ ထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူ ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် ဂျင်းထည့်ပါ။ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်၊ ဆားတို့ထည့်ကာ ပွက်ပွက်ဆူလာသည်အထိတည်ပါ။

ထို့နောက် ပန်းကန်လုံးထဲသို့ ပြောင်းထည့်ထားပါ။

၃။ ပေါင်းအိုးကို အဆင်သင့်ပြင်ထားပါ။ ငါးပန်းကန်ကို ခဲဖတ်ဖြင့် အုပ်ထားပြီးနောက် ပေါင်းအိုးထဲထည့်ကာ ၈ မိနစ်မှ ၉ မိနစ်ခန့် ထည့်ပေါင်းလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်ပါက အုပ်ထားသော ခဲဖတ်ကို ဖယ်ရှားလိုက်ပါ။ ငါးပေါင်းပေါ်သို့ ဖျော်ထားသော ဆော့စ် ဆမ်းထည့်လိုက်ပါ။ မုန်လာဥနီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့ ထည့်ကာ နောက်ထပ် ၄ မိနစ်၊ ၆ မိနစ်ခန့် ထည့်ပေါင်းလိုက်ပါ။ (ခဲဖတ်ဖြင့် ထပ်အုပ်စရာမလိုတော့ပါဘူး။)

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အနံ့ရော အရသာပါ ပြီးပြည့်စုံတဲ့ ငါးပေါင်းဟင်းလေး ရရှိသွားပါပြီ။

Source: Delightfulplate.com