ပင်လယ်စာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိလွန်းလို့ ဆွေမျိုးမေ့သွားစေမယ့် ပြည်ကြီးငါးပေါင်းဟင်းလျာ ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး ၁၆ အောင်စ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၄ ပင်
  • ဂျင်း ၁ အောင်စ (အခွံခွာထားပါ)

  • ငရုတ်သီးစိမ်း ၁ တောင့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပြည်ကြီးငါးကို အလျားလိုက် လှီးဖြတ်ပြီးနောက် အရေပြားအမြှေးပါးများကို ဖယ်ရှားလိုက်ပါ။ စင်ကြယ်အောင် ရေဆေးသန့်စင်ပြီးတဲ့နောက်မှာ အနေတော်အရွယ်အစား လှိးဖြတ်ထားပါ။

၂။ ထို့နောက် ပြည်ကြီးငါးကို ဆား၊ ငရုတ်ကောင်းမှုန့် နှမ်းဆီတို့ဖြင့် သမအောင် နယ်ပါ။ ၅ မိနစ်မှ ၁၀ မိနစ်ခန့် နှပ်ထားပါ။

၃။ ကြက်သွန်မြိတ်များကို ၂ လက်မအရှည် လှီးဖြတ်ထားပါ။ ဂျင်းကို အချောင်းလိုက် ပါးပါးလှီးထားပါ။ ငရုတ်သီးတောင့်ကိုလည်း ပါးပါးလှီးပါ။

၄။ ကြက်သွန်မြိတ်နှင့် ဂျင်း ၃ ပုံ ၂ ပုံခန့်ကို အပူဒဏ်ခံနိုင်သော ပန်းကန်လုံးထဲတွင် အစီအရီထည့်ထားလိုက်ပါ။ ထို့နောက် ပြည်ကြီးငါးထည့်ပါ။ ငရုတ်သီးစိမ်းနှင့် ကျန်ရှိနေသော ဂျင်း၊ ကြက်သွန်မြိတ်တို့ကို ပြည်ကြီးငါးအပေါ်ကနေ အုပ်ထားလိုက်ပါ။

၅။ ဝါးပေါင်းအိုး အသုံးပြုပါက ပန်းကန်လုံးကို အုပ်စရာမလိုပါဘူး။ လျှပ်စစ်ပေါင်းအိုး အသုံးပြုမယ်ဆိုရင်တော့ ပန်းကန်လုံးကို ခဲဖတ်ဖြင့် အုပ်ပေးလိုက်ပါ။ ပြီးမှ ပေါင်းအိုးထဲထည့်ကာ ၆ မိနစ်မှ ၈ မိနစ်ခန့် ထည့်ပေါင်းလိုက်ပါ။

၆။ သတ်မှတ်ချိန်ပြည့်ပါက ငါးငံပြာရည်လေး ဆမ်းထည့်လိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးထည့်ပါ။

ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ပြည်ကြီးငါးပေါင်းလေး ရရှိသွားပါပြီ။

Source: Delightfulplate.com