အားလုံးပဲ မင်္ဂလာပါ။ အခုမှ ဟင်းစချက်မယ့် အချက်အပြုတ်ဝါသနာအိုးများအတွက် လွယ်ကူရိုးရှင်းတဲ့ ချက်ပြုတ်နည်းနဲ့ ပြင်ဆင်ချက်ပြုတ်နိုင်တဲ့ သခွားသီး ကြက်ဥမွှေကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သခွားသီး ၂ လုံး (သို့) ၃ လုံး
  • ကြက်ဥ ၃ လုံး
  • ဆား
  • သံလွင်ဆီ
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ငရုတ်ကောင်းမှုန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သခွားသီးများကို အခွံခွာပြီးနောက် အလယ်တည့်တည့်ကနေပြီး အလျားလိုက် ထက်ခြမ်းခြမ်းထားပါ။ ထို့နောက် အထဲက အစေ့များကို ခပ်ထုတ်လိုက်ပါ။ ထို့နောက် သခွားသီးများကို ခပ်ပါးပါးလှီးထားပါ။

၂။ ရရှိလာတဲ့ သခွားသီးများကို ပန်းကန်လုံးထဲထည့်ပြီးနောက် ဆားဖြင့် သမအောင် နယ်ပါ။ မိနစ် ၂၀ ခန့် နှပ်ထားပါ။

၃။ ကြက်ဥ ၃ လုံးကို ပန်းကန်လုံးထဲ ဖောက်ထည့်ပြီးနောက် ဆားအနည်းငယ်ထည့်ကာ မွှေခလောက်ထားပါ။

၄။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ ထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် သခွားသီးထည့်ကာ ၂ မိနစ်ခန့် ကြော်ပါ။ လိုအပ်ပါက ဆားအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

၅။ သခွားသီးကြော်ကို ဒယ်အိုးတစ်ဖက်ခြမ်းတွင် သီးသန့်စုထားပြီးနောက် ကြက်ဥများကို လွတ်နေသော ဒယ်အိုးနေရာထဲသို့ လောင်းထည့်လိုက်ပါ။

၆။ ကြက်ဥများ မကျက်တကျက်အချိန်မှာ မွှေကြော်ပေးလိုက်ပါ။ ပြီးမှ သခွားသီးနဲ့ သမအောင် မွှေကြော်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ သခွားသီး ကြက်ဥမွှေကြော်လေး ရရှိသွားပါပြီ။

Source: Delightfulplate.com