အားလုံးပဲ မင်္ဂလာပါ။ ထမင်းကြော် ကြိုက်နှစ်သက်သူများအတွက် ထိုင်းစတိုင်လ် ချိုချဉ်ထမင်းကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • မှို ၄ ပွင့် (လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)
  • မုန်လာဥနီ ၁ လုံး (လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)

  • ငရုတ်ပွအနီ ၁ လုံး (လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)
  • ထမင်း ပန်းကန်လုံး ၂ လုံးစာ
  • မန်ကျည်းရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ငရုတ်သီးစိမ်း ၃ တောင့် (ပါးပါးလှီးထားပါ)
  • နာနတ်သီး စားပွဲတင်ဇွန်း ၈ ဇွန်း (လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ထည့်ကာ ၅ မိနစ် ဆီသတ်ပါ။

၂။ မှို၊ မုန်လာဥနီ၊ ငရုတ်ပွတို့ထည့်ကာ ၅ မိနစ်၊ ၇ မိနစ်ခန့် မွှေကြော်ပါ။

၃။ ကျန်ရှိနေသော ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း ထပ်ထည့်ပါ။ ထမင်းထည့်ပြီးနောက် ၅ မိနစ်ခန့် ကြော်ပါ။

၄။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် မန်ကျည်းသီးအရည်၊ ပျားရည်၊ ပဲငံပြာရည်နှင့် ငရုတ်သီးစိမ်းတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ထမင်းပေါ် လောင်းချကာ ၅ မိနစ်ခန့် ကြော်လိုက်ပါ။

ထမင်းက ဆော့စ်များကို စုပ်ယူသွားသည်အထိ အညိုရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

၅။ ပြီးရင်တော့ မီးဖိုပေါ်ကချလို့ရပါပြီ။ ထို့နောက် နာနတ်သီးများထည့်ကာ သမအောင် ရောမွှေပါ။ ကြက်သွန်မြိတ်များ ဖြူးထည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ချိုချဉ်ထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Fullofplants.com