အားလုံးပဲ မင်္ဂလာပါ။ အရသာအပေါ့အငန် အစပ်အဟပ်တည့်တဲ့ ထိုင်းစတိုင်လ် အမဲသားသုပ် အစပ်ဟင်းကို ဘယ်လိုပြင်ဆင်ချက်ပြုတ်နိုင်မလဲဆိုတာ ကို MyFood Myanmar ရဲ့အစားအသောက်ချစ်သူများအတွက် ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၃၀၀ ဂရမ်
  • ခရမ်းချဉ်သီး ၂ လုံး (ပါးပါးလှီးထားပါ)
  • သခွားသီး ၁ ဝက် (ပါးပါးလှီးထားပါ)
  • ငရုတ်သီးထောင်း စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်သီး ၃ တောင့် (ပါးပါးလှီးထားပါ)

  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • စပါးလင် ၁ ပင် (ပါးပါးလှီးထားပါ)
  • ခရုဆီ စားပွဲတင်ဇွန်း ၃ ဇွန်း နှင့် ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားများကို ပါးပါးလှီးထားပါ။ ထို့နောက် ပန်းကန်လုံးအကြီးထဲထည့်ကာ ခရုဆီ စားပွဲတင်ဇွန်း ၃ ဇွန်းဖြင့် သမအောင် ရောနယ်ထားပါ။ ထို့နောက် ၁၀ မိနစ်ခန့် နှပ်ထားပါ။

၂။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အမဲသားထည့်ကာ ၅ မိနစ်ခန့် မွှေကြော်ပါ။

၃။ သကြား စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ သမအောင် မွှေကြော်ပါ။ ရရှိလာတဲ့ အမဲသားကို ပန်းကန်လုံးထဲ ပြန်ထည့်ထားလိုက်ပါ။

၄။ တစ်ဖန် အမဲသားပန်းကန်လုံးထဲသို့ ငရုတ်သီးထောင်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ငရုတ်သီးစိမ်း၊ စပါးလင်၊ သခွားသီးတို့ထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

၅။ အားလုံးနယ်ပြီးသွားတဲ့အခါမှာတော့ ကြက်သွန်မြိတ်နှင့် နံနံပင်တို့ထည့်ကာ နောက်ဆုံးတစ်ကြိမ်ခန့် နယ်လိုက်ပါ။

အရသာအပေါ့အငန် အစပ်အဟပ် မြည်းစမ်းကြည့်ပြီးနောက်မှာတော့ အရသာရှိတဲ့ အမဲသားသုပ် အစပ်ဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။

Source: Siamsizzles.com