သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို ရက်ရှည်ထားထားပြီး အထားခံချင်တဲ့အခါ ပြုလုပ်ပေးရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဘယ်လိုနည်းလမ်းလေးတွေ ဖြစ်မလဲ။

ဘယ်ရီသီးများ အထားခံချင်တဲ့အခါ

ပန်းသီးရှာလကာရည် ၁ ဆနဲ့ ရေ ၁၀ ဆတို့ကို ရောနှောပြီး ဘယ်ရီသီးများကို ဆေးကြောလိုက်ပါ။ ဆေးပြီးနောက် ရေများစစ်ထုတ်ကာ စက္ကူစခံထားတဲ့ ပန်းကန်လုံးထဲ ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။ ဒီနည်းလမ်းနဲ့ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးစတဲ့ ဘယ်ရီသီးများကို ကြာရှည်အောင် ထားနိုင်ပါတယ်။

တရုတ်နံနံ၊ ပန်းဂေါ်ဖီစိမ်း၊ ဆလပ်ရွက်တို့ကို ကြာရှည်အထားခံချင်တဲ့အခါ

ဆလပ်ရွက်များ၊ ပန်းဂေါ်ဖီစမ်းများကို ခဲဖတ်နဲ့ ပတ်ထားပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ ရက်သတ္တပတ် ၂ ပတ်၊ ၃ ပတ်ခန့် အထိ လတ်လတ်ဆတ်ဆတ်ရှိနေဆဲပဲဖြစ်မှာပါ။

ဂျင်းများကို အချိန်အကြာကြီး လတ်လတ်ဆတ်ဆတ် အထားခံချင်တယ်ဆိုရင်တော့

ဂျင်းတုံးများကို နေပူထဲမှာ အချိန်ကြာကြာလှမ်းထားလိုက်ပါ။ ထို့နောက် စက္ကူစနဲ့ ပတ်ထားပြီး မှောင်ပြီးအေးတဲ့နေရာမှာ ထားထားလိုက်ပါ။ နောက်နည်းလမ်းတစ်မျိုးကတော့ ရေပွက်ပွက်ဆူနေတဲ့ ရေနွေးထဲမှာ စိမ်ထားပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားရမှာပဲဖြစ်ပါတယ်။

ကြက်သွန်မြိတ်များ အထားခံချင်တယ်ဆိုရင်

ကြက်သွန်မြိတ်များကို အကွင်းလိုက် ပါးပါးလှီးထားပြီးနောက် သန့်စင်တဲ့ရေသန့်ဘူးထဲ ထည့်ထားပြီး ရေခဲသေတ္တာထဲ မထည့်ခင် အရင်အခြောက်ခံထားလိုက်ပါ။ ပြီးမှ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ ၁၂ ရာသီလုံး အထားခံမှာပဲဖြစ်ပါတယ်။

ခရမ်းချဉ်သီးများကို ဘယ်လိုသိုလှောင်ထားရမလဲ

ခရမ်းချဉ်သီးရဲ့ အညှာကို ဇောက်ထိုးထားထားပြီး အေးတဲ့နေရာမှာ သိုလှောင်ထားရပါမယ်။ ဒီနည်းလမ်းကတော့ ခရမ်းချဉ်သီး အမှည့်မြန်စေတဲ့ နည်းပါပဲ။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

ရေခရားတစ်ခုထဲတွင် ရေထည့်ထားပြီး ဟင်းသီးဟင်းရွက်များကို ပလပ်စတစ်အိတ်နဲ့ အုပ်ထားကာ ရိုးတံများကို ရေခရားထဲ ထည့်ထားလိုက်ပါ။ ထို့နောက် အေးတဲ့နေရာမှာ ထားထားရပါမယ်။

ဖရဲသီးအတွက် နည်းလမ်း

ဖရဲသီးကို အဝတ်စသန့်သန့်လေးနဲ့ ပတ်ထားပြီး စင်တစ်ခုမှာ တင်ထားလိုက်ပါ။ ကောက်ရိုးလေးတွေပါ ထည့်ထားနိုင်ပါတယ်။ ဒါမှမဟုတ်ရင် ဖရဲသီးကို ရွံ့စေတို့ ဖယောင်းတို့နဲ့ သုတ်လိမ်းထားနိုင်ပါတယ်။ ဖရဲသီးတွေက မှောင်တဲ့ထောင့်တစ်နေရာရာမှာ ပိုပြီး အထားခံတတ်ကြပါတယ်။

Source: brightside.me