ဒါလေးက နောက်တမျိုးပါ။ သူကတော့ ဓားပါးပါး ထက်ထက်လေးတချောင်းလိုပါမယ်။ ဒီနည်းလေးက နှစ်မျိုးသုံးလို့ရပါတယ်နော်။

စစချင်းမှာပုံမှာပြထားသလို ခရမ်းချဉ်သီးလေးကို အရာလေးတွေလိုက်ပေးလိုက်ပါ။

အရာပေးထားတဲ့အလယ်ဆုံရာနေရာကနေ လက်လေးနဲ့ အခွံလေးတွေကိုဆွဲခွါလိုက်ပါ။

တလွှာချင်းခွါပြီးရင် ပုံပါအတိုင်း ပွင့်ဖတ်လေးတွေ ပွင့်အာနေသလိုဖြစ်နေပါပြီ။ ဒီနေရာမှာ ရပ်လိုက်ပြီး အသုံးပြုလို့လဲရပါတယ်။

အဲဒါကိုမှ ထပ်ပြီး ပုံဖော်ချင်ရင် ခရမ်းချဉ်သီးအသားလေးတွေကိုပါ ဓားရာပေးပြီး ဓားထိပ်ချွန်လေးနဲ့တွန်းထုတ်လိုက်ပါ။

ကဲ အထဲက ခရမ်းချဉ်သီးအစေ့လေးတွေက ဝတ်ဆံလေးတွေပေါ့ ဟုတ်ဘူးလား။ အပွင့်ကလဲ နှစ်ထပ်ရပြီး ပိုလှသွားပါပြီ။ ဟင်းပွဲပေါ်မှာ လှလှပပခင်းကျင်းလိုက်ရအောင်။

Credit: htetfamily.com