ထမင်းစားတဲ့အခါ ဟင်းရည်ပူပူလေးနဲ့ အရသာရှိရှိ သုံးဆောင်ချင်သူများအတွက် ဒီတစ်ခါမှာတော့ ပဲပြား ကင်ချီဟင်းရည် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်မြိတ် ၈ ပင် (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
- ၁ လက်မပတ်လည် ဂျင်းတုံး ၁ တုံး (အခွံခွာပြီး နုပ်နုပ်စဉ်းထားပါ)
- ကြက်ပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည် ၁ လီတာ
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ငရုတ်သီးနှစ် စားပွဲတင်ဇွန်း ၁ ဇွန်းမှ ၂ ဇွန်း
- ပဲပြား ၁ တုံး (အနေတော်အတုံး လှီးဖြတ်ထားပါ)
- ကင်ချီ ပန်းကန်လုံး ၁ လုံးခွဲ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒန်အိုးကို အပူပေးပြီးနောက် နှမ်းဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ ၃ မိနစ်ခန့် ဆီသတ်ပါ။
၂။ ထို့နောက် ကြက်ပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည်ထည့်ပါ။ ပဲငံပြာရည်၊ ငရုတ်သီးနှစ်တို့ထည့်ကာ သမအောင် မွှေပါ။ ထို့နောက် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။
၃။ ဟင်းရည်က ပွက်ပွက်ဆူလာပြီဆိုရင်တော့ မီးအပူချိန်ကို အနိမ့်ဆုံးသို့ လျော့ချလိုက်ပါ။ ထို့နောက် ပဲပြားနှင့် ကင်ချီတို့ထည့်ကာ တစ်ကြိမ်ခန့် မွှေပေးလိုက်ပါ။ အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက် ၃ မိနစ်ခန့် တည်ထားလိုက်ပါ။
၄။ ပြီးရင်တော့ မီးဖိုပေါ်က ချပြီးနောက် ဟင်းရည်ပန်းကန်လုံးထဲထည့်ကာ ကြက်သွန်မြိတ်များ ဖြူးထည့်လိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲပြားကင်ချီဟင်းရည်လေး ရရှိသွားပါပြီ။ ထမင်းပူပူလေးနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
Source: Cookinglight.com