အားလုံးပဲ မင်္ဂလာပါ။ ချဉ်ချဉ်စပ်စပ်ဟင်းရည်များ သောက်သုံးရတာကို နှစ်သက်သူများအတွက် ချဉ်စပ် ပုစွန် တုန်ယမ်းဟင်းရည် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပြုတ်ရည် ၂ လီတာ
  • စပါးလင် ၁ ပင် (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၁ လုံး (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၃ ဇွန်း

  • အချောင်းလိုက် ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရှောက်ရွက် ၃ ရွက်
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်းတစ်ဝက်
  • သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရှီတာကီမှို အနည်းငယ် (ပင်စည်များကို ဖယ်ရှားထားပါ)

  • သခွားသီး ၁ လုံး (လခြမ်းပုံသဏ္ဍာန် လှီးဖြတ်ထားပါ)
  • ပုစွန် ၁၄ ကောင် (အခွံခွာပြီး ရေဆေးသန့်စင်ထားပါ)
  • ချယ်ရီခရမ်းချဉ်သီး (ထက်ခြမ်း ခြမ်းထားပါ)
  • အုန်းနို့ စည်သွပ်ဘူး ၄ ပုံ ၁ ပုံခန့်
  • ငရုတ်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြားညို အနည်းငယ် ငရုတ်သီးမှုန့် အနည်းငယ် (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ပြုတ်ရည်ကို အိုးတစ်လုံးထဲထည့်ပြီးနောက် စပါးလင်များထည့်ပါ။ ၅ မိနစ်၊ ၆ မိနစ်ခန့် တည်ပါ။

၂။ ထို့နောက် မုန်လာဥနီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ရှောက်ရွက်၊ ငါးငံပြာရည်၊ ပဲငံပြာရည်နှင့် သံပုယိုရည်တို့ထည့်ကာ မီးအပူချိန်ကို အနည်းငယ် လျော့ချလိုက်ပါ။ ထို့နောက် အဖုံးအုပ်ကာ ၅ မိနစ်ခန့် တည်ထားလိုက်ပါ။

ထို့နောက် မှိုနှင့် သခွားသီးတို့ထည့်ကာ နောက်ထပ် ၅ မိနစ်ခန့် ထပ်တည်ထားပါ။

၃။ ပုစွန်နှင့် ချယ်ရီခရမ်းချဉ်သီးတို့ထည့်ကာ နောက်ထပ် ၃ မိနစ်ခန့် တည်ပေးလိုက်ပါ။

၄။ မီးအပူရှိန်ကို အနိမ့်ဆုံးသို့ လျော့ချလိုက်ပြီးနောက် အုန်းနို့၊ ငရုတ်ဆီ၊ သကြားညိုနှင့် ငရုတ်သီးမှုန့်တို့ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ လိုအပ်ပါက ငါးငံပြာရည် (သို့) ငရုတ်ဆီ ထပ်ထည့်နိုင်ပါတယ်။ ထို့နောက် ရှောက်ရွက်များကို ဖယ်ရှားလိုက်ပါ။

ထိုအဆင့်များ အားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပုစွန် တုန်ယမ်းဟင်းရည်လေး ရရှိသွားပါပြီ။ ဟင်းရည်ပန်းကန်လုံးထဲ ထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com