အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ စပါးလင်ရနံ့သင်းသင်းလေးနဲ့ အရသာရှိတဲ့ ပုစွန်ချောင်းကြော် ပြင်ဆင်ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁၂ အောင်စ (အခွံခွာထားပါ)
  • စပါးလင်း ၆ ပင်
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်နီ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်များကို ရေခဲသေတ္တာထဲတွင် အနည်းဆုံး မိနစ် ၂၀ ခန့် အအေးခံထားလိုကပါ။

၂။ စပါးလင်များကို ၄ လက်မအရှည်ခန့် လှီးဖြတ်ထားပါ။ ခြောက်သွေ့နေသော အပြင်လွှာကိုလည်း ဖယ်ရှားထားပါ။

၃။ ပုစွန်များကို အသားကြိတ်စက်ထဲထည့်ပါ။ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်နီတို့ထည့်ကာ အားလုံးသမသွားအောင် ကြိတ်ပေးလိုက်ပါ။

၄။ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငါးငံပြာရည်၊ သံလွင်ဆီ၊ ပြောင်းမှုန့်တို့ထည့်ကာ သမအောင် ထပ်ကြိတ်ပေးလိုကပါ။

၅။ ရရှိလာတဲ့ ပုစွန်နှစ်များကို ရေခဲသေတ္တာထဲ အအေးခံထားလိုက်ပါ။

ထို့နောက် ပုစွန်နှစ် စားပွဲတင်ဇွန်း ၁ ဇွန်းစာကို စပါးလင်ချောင်း တစ်ချောင်းချင်းစီဖြင့် ထိုးပေးလိုက်ပါ။

၆။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ပုစွန်ချောင်းများထည့်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးတဲ့အခါမှာတော့ စပါးလင်နံ့ သင်းသင်းလေးနဲ့ အရသာရှိတဲ့ ပုစွန်ချောင်းကြော်လေး ရရှိသွားပါပြီ။

Source: Delightfulplate.com