ကြက်ဟင်းခါးသီးရဲ့ခါးသက်တဲ့အရသာက ကြက်ဟင်းခါးသီးကို အခြားဟင်းသီးဟင်းရွက်များနဲ့ မတူအောင် ပြုလုပ်ပေးတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လူနည်းစုလောက်သာ ကြက်ဟင်းခါးသီးကို ကြိုက်နှစ်သက်ကြတာပါ။

ကြက်ဟင်းခါးသီးရဲ့ ခါးသက်တဲ့အရသာကို ပျောက်ပျက်သွားအောင် ပြုလုပ်လို့ရတယ်ဆိုရင်ရော အစားအသောက်ခုံမင်တဲ့ စာဖတ်သူတို့ သဘောကျ နှစ်ခြိုက်ကြမယ်မလား။ ဒါဆိုရင် ကြက်ဟင်းခါးသီးရဲ့ ခါးသက်တဲ့အရသာ ပျောက်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

ကြက်ဟင်းခါးသီးရဲ့ ကြမ်းတမ်းချွန်ထက်နေတဲ့ မျက်နှာပြင်ကို ဖယ်ရှားလိုက်ပါ

ကြက်ဟင်းခါးသီးရဲ့ ကြမ်းတမ်းနေတဲ့ မျက်နှာပြင်ကို ဓားနဲ့ ဖယ်ရှားလိုက်တဲ့အခါ သူ့ရဲ့ မျက်နှာပြင်က ပြောင်ချောသွားပါလိမ့်မယ်။ ဒါဆိုရင်တော့ သူ့ရဲ့အခါးအရသာက ပျောက်ပျက်သွားပါလိမ့်မယ်။

ကြက်ဟင်းခါးသီးရဲ့ အထဲက အစေ့ကို ဖယ်ရှားလိုက်ပါ

ကြက်ဟင်းခါးသီးရဲ့ မျက်နှာပြင်ကို ချောမွတ်အောင် ပြုလုပ်ပြီးပြီဆိုရင်တော့ ကြက်ဟင်းခါးသီးကို ပါးပါးလှီးလိုက်ပြီးနောက် အထဲက အစေ့များကို ဖယ်ရှားလိုက်ပါ။

ဆား အသုံးပြုပါ

လှီးဖြတ်ထားတဲ့ ကြက်ဟင်းခါးသီးရဲ့ မျက်နှာပြင်ကို ဆားနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲ ပြောင်းထည့်ပြီးနောက် မိနစ် ၂၀၊ မိနစ် ၃၀ ခန့် ဆားဖြင့် စိမ်ထားလိုက်ပါ။ ပြီးမှ ချက်ပြုတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သူ့ရဲ့ခါးသက်တဲ့အရသာက ပျောက်ပျက်သွားပါလိမ့်မယ်။

ကြက်ဟင်းခါးသီးအရည်များကို ညှစ်လိုက်ပါ

ဆီးချိုကျစေဖို့ ကြက်ဟင်းခါးသီး ဖျော်ရည်ကို မနက်တိုင်းသောက်မယ်

ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်လည်း ဆားအသုံးပြုရပါဦးမယ်။ အရင်ဦးဆုံး ကြက်ဟင်းခါးသီးကို ပါးပါးလှီးလိုက်ပါ။ ပြီးတော့ ဆားနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ရေဖြင့် ဆေးကြောပြီးနောက် အရည်များ ကုန်စင်အောင် ညှစ်ပေးလိုက်ပါ။ ဒါဆိုရင်လည်း ခါးသက်သက်အရသာ ပျောက်နိုင်ပါတယ်။

ဒိန်ချဉ်အသုံးပြုပါ

အကွင်းလိုက်လှီးထားသော (သို့) အတုံးလိုက် လှီးထားသော ကြက်ဟင်းခါးသီးများကို ဒိန်ချဉ်ထဲမှာ စိမ်ထားလိုက်ပါ။ အနည်းဆုံး တစ်နာရီခန့် စိမ်ထားပြီးမှ ချက်ပြုတ်လိုက်ပါ။ ဒီနည်းလမ်းဖြင့်လည်း ကြက်ဟင်းခါးသီးရဲ့ အခါးဓာတ်ကို ပယ်ဖျက်နိုင်ပါတယ်။

Source: Food.ndtv.com