အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဝက်သားအစပ်ကြော် ကြော်နည်းပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း
- တစ်လက်မပတ်လည် ဂျင်းတုံးတစ်တုံး (ခြစ်ခုံဖြင့် ခြစ်ချထားပါ)
- ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
- ဝက်သား ၁ ပေါင်ခွဲ (အတုံးခပ်ကြီးကြီး လှီးဖြတ်ထားပါ)
- ဟင်းသီးဟင်းရွက်ဆီ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ သန့်စင်ခြောက်သွေ့သော ဖန်ပုလင်းတစ်လုံးထဲတွင် ငရုတ်သီးအနှစ်၊ ပဲငံပြာရည်၊ သကြားညို၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ကို ထည့်ကာ ပုလင်းအဖုံးပိတ်ပြီးနောက် သမအောင် လှုပ်ခါပေးလိုက်ပါ။
ရရှိလာတဲ့ ငရုတ်သီးဆော့စ်ကို ဝက်သားပေါ် ဆမ်းထည့်ကာ သမအောင် နယ်ပြီးတဲ့နောက်မှာ မိနစ် ၂၀ မှ ၁ နာရီကြာသည်အထိ နှပ်ထားလိုက်ပါ။
၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်ထည့်ထားပါ။
၃။ ဆီပူလာပါက ဝက်သားထည့်ကာ ဝက်သားလွှာ တစ်ခြမ်းချင်းစီကို ၂ မိနစ်ကြာကြော်ပေးလိုက်ပါ။ ဝက်သားများ အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အနံ့မွှေးပြီး အရသာရှိတဲ့ ဝက်သားအစပ်ကြော်လေး ရရှိသွားပါပြီ။
ထမင်းစားတဲ့အခါ ဟင်းရွက်ကြော်တစ်မျိုးမျိုးနဲ့ တွဲဖက်စားသုံးမယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ ထမင်းတစ်ပွဲကို သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။
Source: Pinchofyum.com