လူလေးယောက်စာ

ပါဝင်ပစ္စည်းများ

  • အမဲသား – ၂၅၀ ဂရမ်
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား
  • ငရုတ်ကောင်း
  • ဟင်းချက်ခရင်မ် – ၂၅၀ မီလီလီတာ
  • စပါကတီပါစတာ – ၅၀၀ ဂရမ်
  • Parmesan ချိစ် – ၅၀ ဂရမ်
  • နံနံပင်

ပြင်ဆင်ချက်ပြုတ်နည်း

အဆင့် ၁ – လက်ကိုင်တပ်ဒယ်အိုး ခပ်ကြီးကြီးကို မီးပြင်းပြင်းမှာ အပူပေးပါ။ ဆီထည့်ကာ အမဲသားတွေလည်း ထည့်လိုက်ပါ။

အမဲသားတွေ ကျက်သွားသည်အထိ မိနစ်အနည်းငယ်လောက် မွှေနေပေးပြီး ချက်ပါ။

အဆင့် ၂ – ခရင်မ်ထည့်ပါ။

ပွက်ပွက်ဆူအောင် တည်ပေးပြီး ၂ မိနစ်လောက်ထားပါ သို့မဟုတ် အတန်ငယ်ပျစ်လာသည်အထိ ထားပါ။

ထိုနောက် ဆား၊ ငရုတ်ကောင်းတို့ထည့်ကာ အရသာဖြည့်စွက်ပါ။

အဆင့် ၃ – ဆားထည့်ထားတဲ့ အိုးကြီးကြီးတစ်လုံးထဲက ရေနွေးထဲမှာ ပါစတာခေါက်ဆွဲတွေကို အထုပ်မှညွှန်ကြားချက်တွေအတိုင်း ချက်ပေးပါ။ (ပါစတာခေါက်ဆွဲတွေ တစ်မျှင်နဲ့တစ်မျှင် မကပ်စေဖိုအတွက် သံလွင်ဆီအတန်ငယ်ထည့်ပါ)

အဆင့် ၄- ခေါက်ဆွဲတွေနူးပြီဆိုပါက ပန်းကန်ပြားတစ်ခုထဲထည့်ကာ အပေါ်မှနေပြီး အမဲသား ကာဗိုနာရာဆော့စ်ကို လောင်းလိုက်ပါ။

ပြီးလျှင် အပေါ်မှ Parmesan ချိစ်ဖြူးပေးပါ။

နောက်ဆုံးအနေနဲ့ နံနံပင်ရွက်လေးတွေချွေပြီး အလှဆင်ပေးလိုက်ပါ။