အသားအရေလှပြီး ဝိတ်ကျစေaအသားအရေလှချင်ရင် ဟင်းသီးဟင်းရွက် သစ်သီးဝလံများများစားသုံးရမယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်ပါတယ်။ ဝိတ်ပါကျချင်တယ်ဆိုရင်တော့ ထမင်းစားတဲ့အခါ ဟင်းသီးဟင်းရွက်များများ စားသုံးပြီး ထမင်းကိုတော့ နည်းနည်းပဲစားရမှာပါ။
ဒီတစ်ခါမှာတော့ ဝိတ်ကျချင်သူအတွက်ရော အသားလှချင်သူအတွက်ပါ မှီဝဲစားသုံးလို့ရမယ့် သခွားသီးသုပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- သခွားသီး ၅ လုံး (အစေ့များ ဖယ်ထုတ်ပြီး အနေတော်တုံးထားပါ)
- ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
- ငရုတ်ပွအနီ ၂ တောင့် (ပါးပါးလှီးထားပါ)
အချဉ်ဆမ်းဖို့ရန်အတွက်
- ပါးပါးလှီးထားသော နံနံပင် (သို့) ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၂ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
- ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ သခွားသီး၊ ကြက်သွန်နီနဲ့ ပရုတ်ပွအနီတို့ ထည့်ထားပါ။
၂။ ပန်းကန်လုံးအသေးတစ်လုံးထဲမှာ ပဲငံပြာရည်၊ ဆန်ရှာလကာရည်၊ နှမ်းဆီ၊ ပျားရည်၊ နံနံပင်နဲ့ နှမ်းတို့ကို အတူတကွ မွှေပြီးနောက် အရသာအပေါ့အငန်မြည်းရန် ဆားနဲ့ ငရုတ်ကောင်းမှုန့်တို့ ထည့်လိုက်ပါ။
၃။ ရရှိလာတဲ့အချဉ်ရည်ကို သခွားသီးပေါ် လောင်းချလိုက်ပြီးနောက် သမအောင် နယ်လိုက်ပါ။ နယ်ပြီးပြီးချင်း သုံးဆောင်လို့လည်း ရသလို ရေခဲသေတ္တာထဲ ထည့်ထားလို့လည်းရပါတယ်။ သခွားသီးသုပ်ချည်းပဲ စားသုံးလို့လည်း ရသလို ထမင်းနဲ့အတူတကွ စားသုံးလို့လည်းရပါတယ်။
Source: dinneratthezoo.comယ့် သခွားသီးသုပ်