အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်သားကို သဘာဝအဆီဓာတ် ကြွယ်ဝတဲ့မြေပဲနဲ့ အရသာရှိရှိ ဘယ်လိုရောကြော်မလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မြေပဲကြော် ၇၅ ဂရမ်
  • ကြက်သွန်နီ ၁ ဥ (အခွံခွာပြီး ပါးပါးလှီးထားပါ)
  • ငရုတ်သီး ၈ တောင့်
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်သား ၁၅၀ ဂရမ်
  • ဆားအနည်းငယ်
  • ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်းတစ်ဝက်
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်း

ဆော့စ် ပြုလုပ်ရန်လိုအပ်သော ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည်အနှောက် စားပွဲတင်ဇွန်းတစ်ဝက်နှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • တစ်လက်မပတ်လည် ဂျင်းတုံးတစ်တုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)နှင့် ပါးပါးလှီးထားသော ကြက်သွန်မြိတ် ၂ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရေ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ ကြက်သားကို အရေခွံနှင့် အရိုးတို့ ဖယ်ထားပြီး အတုံးသေးသေးလေး တုံးထားလိုက်ပါ။

၃။ ထိုကြက်သားကို ပန်းကန်လုံးအကြီးတစ်လုံးထဲထည့်ပြီး ဆား၊ ပဲငံပြာရည်၊ ရေ၊ ဟင်းချက်ဝိုင်နှင့် ပြောင်းမှုန့်တို့ဖြင့် သမအောင် ရောနယ်ထားလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ ၅ စက္ကန့်ခန့် ကြော်ပေးလိုက်ပါ။

၄။ ကြက်သားတုံးများ အရောင်ပြောင်းသွားပါက ကြက်သားများကို ဒယ်အိုးအစွန်းသို့ ပို့ထားပြီး ဒယ်အိုးအလယ်ပိုင်းကို အလွတ်ထားလိုက်ပါ။ ထိုလွတ်နေသောနေရာပေါ်သို့ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်တို့ထည့်ကာ အနံ့မွှေးလာသည်အထိ လှော်ပေးလိုက်ပါ။ ပါးပါးလှီးထားသော ကြက်သွန်နီတစ်ဝက်၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၅။ ကျန်ရှိနေသော ကြက်သွန်နီတစ်ဝက်နှင့် အဆင့် (၁) က ပြုလုပ်ထားသော ဆော့စ်များကို အိုးထဲလောင်းထည့်ကာ ကြက်သားများရော အခြားပါဝင်ပစ္စည်းများ အားလုံးပါ သမသွားအောင် မွှေကြော်ပေးလိုက်ပါ။ မြေပဲကို နောက်ဆုံးအဆင့်ကျမှ ထည့်ကြော်ပေးလိုက်ပါ။

အားလုံးသမသွားတဲ့အခါမှာတော့ မီးဖိုပေါ်ကချကာ ပန်းကန်ပြားထဲ ပြောင်းထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မြေပဲ ကြက်သားကြော်လေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com