အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းချက်နည်းကတော့ မျှစ်ချဉ်ဟင်းလျာ ချက်ပြုတ်ပြင်ဆင်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မျှစ် ၄၅၀ ဂရမ် (၁ ပေါင်ခန့်)
  • ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်
  • ဂျင်းပြား ၂ ပြား
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
  • ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ရေ ၂၅၀ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးထဲတွင် ရေနွေးတည်ထားလိုက်ပါ။ ရေနွေးပွက်ပွက်ဆူလာပါက မျှစ်များထည့်ကာ တစ်မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ ထို့နောက် မျှစ်များကို ဆယ်ယူပြီး အအေးခံကာ အနေတော်အတုံး တုံးထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန် ၃ ဇွန်းထည့်ပါ။ ဆီပူလာပါက ဂျင်းထည့်ကာ စက္ကန့် ၃၀ ခန့် ဆီသတ်ပေးလိုက်ပါ။ ထို့နောက် မီးအပူချိန်ကို လျော့ကာ သကြားထည့်ပြီးနောက် သကြားများ ပျော်ဝင်သွားသည်အထိ တည်ထားလိုက်ပါ။

၃။ သကြားပျော်သွားပြီဆိုရင်တော့ မျှစ်များထည့်ကာ မိနစ်အနည်းငယ်ခန့် မွှေကြော်ပေးလိုက်ပါ။ မျှစ်များ အညိုရောင် ပြောင်းသွားတဲ့အခါမှာတော့ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနှောက်နှင့် ရေတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ပြီးရင်တော့ အိုးကို အဖုံးအုပ်ထားကာ ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။

၄။ (၁၀) မိနစ်ပြည့်ပါက အိုးအဖုံးဖွင့်ပြီးနောက် မီးပြင်းပြင်းဖြင့် အရည်များခမ်းသွားအောင် တည်ပေးလိုက်ပါ။ အရည်ခမ်းသွားပြီဆိုရင်တော့ အရသာရှိပြီး နူးအိနေတဲ့ မျှစ်ချဉ်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Thewoksoflife.com