ကြက်ခြေထောက်သုပ် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ ကြက်ခြေထောက်သုပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ပဲငံပြာရည် ၁၂၅ မီလီလီတာ
• ရှာလကာရည် အနောက် ၈၃ မီလီလီတာ
• သံပုယိုသီး ၂ လုံး
• တရုတ်နံနံနှင့် ငရုတ်သီးတောင့် အနည်းငယ်
• ကြက်သွန်ဖြူ ၂ မြွှာ၊ ကြက်သွန်နီ ၁ ခြမ်း၊ ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း

• ကြက်ခြေထောက် အခု ၂၀
• တရုတ်ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
• ဆန်ရှာလကာရည် စားပွဲတင်ဇွန်း တစ်ဝက်
• သကြား စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ခြေထောက်မှာရှိတဲ့ ခြေသည်းများကို လှီးဖြတ်ပစ်လိုက်ပါ။ ထို့နောက် ကြက်ခြေထောက်တစ်ခုစီကို နှစ်ပိုင်းစီ ပိုင်ထားလိုက်ပါ။

၂။ အိုးတစ်လုံးထဲမှာ ရေအေးထည့်ထားပြီးနောက် ကြက်ခြေထောက်များ၊ ဟင်းချက်ဝိုင်နှင့် ဆန်ရှာလကာရည်တို့ထည့်ကာ ၅ မိနစ်၊ ၈ မိနစ်ခန့် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၃။ ကြက်ခြေထောက်များ နူးအိသွားပါက အိုးထဲမှ ဆယ်ယူလိုက်ကာ ရေနွေးဖြင့် ထပ်မံဆေးကြောပေးရပါမယ်။ တစ်ဖန် ထိုကြက်ခြေထောက်များကို ရေအေးထဲမှာ မိနစ် ၂၀ ခန့် ထပ်စိမ်ထားလိုက်ပါ။

၄။ ပြီးရင်တော့ ကြက်ခြေထောက်တွေကို ဘူးတစ်လုံးထဲ ထည့်ထားလိုက်ပါ။ ပါးပါးလှီးထားသော သံပုယိုသီး၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီး၊ တရုတ်နံနံ၊ ကြက်သွန်နီ၊ ပဲငံပြာရည်၊ ရှာလကာရည်နှင့် သကြားတို့ထည့်ပြီး သမအောင် နယ်ဖတ်ထားလိုက်ပါ။ ထို့နောက် ဘူးအဖုံးပိတ်ကာ ရေခဲသေတ္တာထဲတွင် တစ်ညခန့် ထည့်ထားလိုက်ပါ။

၅။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ခြေထောက်သုပ် ရရှိသွားပါပြီ။ နောက်တစ်နေ့ကျရင်တော့ မိမိစားချင်တဲ့ပမာဏကို ဘူးထဲက ခပ်ထုတ်ကာ အားရပါးရ စားသုံးနိုင်ပါပြီ။

Source: Chinasichuanfood.com