ကျန်းမာရေးကောင်းပြီး ကိုယ်ခံအားမြင့်မားဖို့အတွက် အာဟာရပြည့်ဝတဲ့အစားအစာများ စားသုံးဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခါမှာတော့ အာဟာရဖြစ်ပြီး အားအင်ပြည့်ဝစေမယ့် ကြက်သားစွပ်ပြုတ် ပြုလုပ်နည်းကို ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • မှို ၂၀ ပွင့်
  • ရေ ၂ လီတာ
  • စွန်ပလွံသီးအခြောက် ၄ ခု
  • ကြက်သား ၄ ပေါင်ခန့် (အနေတော် အတုံး တုံးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဂျင်း ၅ ပြား
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ဆားအနည်းငယ်
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မှိုကို ရေဖြင့် ဆေးကြောပြီးနောက် ရေ ၂ လီတာထဲထည့်ထားသော စွပ်ပြုတ်အိုးထဲတွင် တစ်ညတာခန့် စိမ်ထားလိုက်ပါ။

၂။ ရေစိမ်ပြီးသွားပါက မှိုကို ပါးပါးလှီးထားပါ။ ထို့နောက် စွပ်ပြုတ်အိုးထဲသို့ ပြန်ထည့်ပါ။

၃။ စွပ်ပြုတ်အိုးထဲသို့ စွန်ပလွန်သီးထည့်ကာ မီးပြင်းပြင်းဖြင့် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက မီးအပူချိန်ကို အနှိမ့်ဆုံးသို့ လျော့ချလိုက်ပါ။

၄။ စွပ်ပြုတ်က မီးအေးအေးဖြင့် ဆူနေစဉ်မှာ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဂျင်းပြားထည့်ပြီး ၂ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ကြက်သားထည့်ကာ ကြက်သားတုံးများ အညိုရောင်ပြောင်းသွားသည်အထိ မွှေကြော်ပေးလိုက်ပါ။ ပြီးရင်တော့ မီးပိတ်လိုက်လို့ရပါပြီ။

၅။ ရရှိလာတဲ့ ကြက်သားတုံးများကို စွပ်ပြုတ်အိုးထဲထည့်ပါ။ ဟင်းချက်ဝိုင်ထည့်ကာ အိုးအဖုံးဖုံးပြီးနောက် မိနစ် ၃၀ ခန့် ဆက်တည်ထားလိုက်ပါ။ မီးဖိုပေါ်က ချခါနီးမှာ ဆားအနည်းငယ်ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

စွပ်ပြုတ်သောက်ခါနီးကျမှ ကြက်သွန်မြိတ်ထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source : Thewoksoflife.com