ခေါက်ဆွဲကြိုက်တဲ့သူတွေနဲ့ ထူးထူးဆန်းဆန်းလေး လုပ်စားချင်သူများအတွက် ခေါက်ဆွဲခြောက်ကြော် ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ခေါက်ဆွဲခြောက် ၃ ခုကို ပန်းကန်ထဲ ချေထည့်ပါ။

အိုးထဲကို ခေါက်ဆွဲထည့်ပြီး ရေနည်းနည်းထည့်ကာ ပြုတ်ပေးပါ။ ခေါက်ဆွဲပြုတ်သလို ရေအများကြီးထည့်စရာ မလိုပါဘူး။

ရေခမ်းပြီး နည်းနည်းပဲကျန်တဲ့အချိန်မှာ ခေါက်ဆွဲထုပ်ထဲမှာပါတဲ့ အစပ်ထုပ်၊ အရသာထုပ်တွေကို ထည့်ပါမယ်။

သေချာသမအောင်မွှေပေးပြီး ရေခမ်းသွားပြီဆိုရင် ပန်းကန်ထဲခူးထုတ်ပြီး အအေးခံထားလိုက်ပါ။

ပန်းကန်ထဲကို ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ cumin powder – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ဆား – အနည်းငယ်၊ သေးသေးလေးတွေဖြစ်အောင် လှီးထားတဲ့ ကြက်သွန်နီ – အနည်းငယ်နဲ့ တရုတ်နံနံအရွက်ခြောက်ရှိရင် သေးသေးလေးတွေလှီးပြီး ထည့်ပါ။ ငရုပ်သီးစိမ်းကြိုက်ရင် ၂ တောင့်လောက် လှီးထည့်ပါ။

နောက်ဆုံးမှာတော့ ကြက်ဥ ၁ လုံးဖောက်ထည့်ပြီး သမအောင်နယ်ပါ။

သမအောင်နယ်ပြီးရင် ပြောင်းဂျုံ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး သမအောင်ထပ်နယ်ပါ။

အားလုံးပြီးပြီဆိုရင်တော့ လက်တစ်ဆုပ်စာလောက်လေး ယူပြီး ဆီအိုးထဲ အကြော်ကြော်သလို ထည့်ကြော်ပေးပါ။

ရပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်ပြီး ကိုယ်နှစ်သက်ရာအချဉ်နဲ့ တို့စားနိုင်ပါပြီ။ ဒါဆိုရင်တော့ ခေါက်ဆွဲခြောက်ကြော်ကို ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: www.eatsspice