အားလုံးပဲ မင်္ဂလာပါ။ ငါးဖယ်ကတော့ ကလေးလူကြီး အားလုံးကြိုက်ကြတဲ့ ဟင်းအမယ်တစ်မျိုးပါ။ ငါးဖယ်ကို ဟင်းချက်စားလို့သလို မုန့်တီ၊ မုန့်ဟင်းခါး၊ စတဲ့နေရာတွေမှာလည်း ထည့်ပြီး စားသုံးကြပါတယ်။

အိကျိအိကျိလေးနဲ့ စားလို့အလွန်ကောင်းတဲ့ ငါးဖယ်ကို ဒီတစ်ခါမှာတော့ အသုပ်လေးအဖြစ် သုပ်စားကြမယ်နော်။ ပြင်ဆင်နည်းလေးကလည်း လွယ်လွယ်လေးမို့ အချိန်တိုအတွင်းမှာ စားသုံးနိုင်မှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ (ပါးပါးလှီး) – ၁ လုံး (ရေစိမ်၊ စစ်ထားပြီး)
  • ခရမ်းချဉ်သီး (အစေ့ထုတ်၊ လှီးပြီးသား) – ၂ လုံး
  • မြေပဲထောင်း – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နံနံပင် – အနည်းငယ်
  • ကြက်သွန်နီဆီချက် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

Source: Nasi Lemak Lover

ပြင်ဆင်ပုံအဆင့်ဆင့်

၁။ ကြော်ပြီးသားငါးဖယ်ကို အရှည်လိုက်လေးတွေ ပါးပါးလှီးကာ ပန်းကန်တစ်လုံးထဲထည့်ပါ။

၂။ ခရမ်းချဉ်သီး၊ မြေပဲထောင်း၊ ပဲမှုန့်၊ နံနံပင်၊ ဆီချက်တို့ကို ရောထည့်ကာ ကြိုက်နှစ်သက်တဲ့အတိုင်း အရသာဖြည့်စွက်ပြီးသုပ်ပေးပါ။

၃။ သေချာနှံ့အောင် သုပ်ပေးပြီးနောက် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: 196flavors.com