ခံတွင်းအနံ့ဆိုးတွေက သင့်ကို လူကြားထဲမှာ ရဲရဲဝံ့ဝံ့စကားမပြောနိုင်အောင် တားဆီးနှောင့်ယှက်နေပြီလား။ ဒီလိုအတားအဆီးအခက်အခဲရဲ့ရန်မှ လွတ်မြောက်ချင်တယ်ဆိုရင်တော့ မုန့်ဖုတ်ဆိုဒါရဲ့အကူအညီကို ရယူလိုက်ပါ။
မုန့်ဖုတ်ဆိုဒါက အနံ့အသက်ဆိုးတွေကို ဖြစ်ပေါ်စေတဲ့ ခံတွင်းထဲက ဘက်တီးရီးယားများကို ဖယ်ရှားပေးနိုင်တဲ့အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပါတယ်။ မုန့်ဖုတ်ဆိုဒါမှာ အက်ဆစ်ဓာတ်မပါဝင်တဲ့အတွက်ကြောင့် သွားနဲ့ သွားဖုံးတွေကို ထိခိုက်မှာ စိုးရိမ်စရာမလိုပါဘူး။
ဒါဆိုရင် ခံတွင်းနံ့ သင်းပျံ့နေဖို့အတွက် မုန့်ဖုတ်ဆိုဒါကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။
မုန့်ဖုတ်ဆိုဒါနဲ့ ပလုတ်ကျင်းပါ
မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရေ တစ်ဖန်ခွက်ခန့်တို့ လိုအပ်ပါလိမ့်မယ်။ မုန့်ဖုတ်ဆိုဒါကို ရေထဲ ထည့်ပြီး သမအောင်အောင် ရောမွှေပေးလိုက်ပါ။ ရေနွေးနွေးလေး ဖြစ်ရင်တောင် ပိုမိုကောင်းမွန်ပါတယ်။ ရရှိလာတဲ့ မုန့်ဖုတ်ဆိုဒါအရည်ကို အသုံးပြုပြီး စက္ကန့် ၃၀၊ တစ်မိနစ်ခန့် ပလုတ်ကျင်းပေးလိုက်ပါ။
အစားစားပြီးတိုင်း ဒီအရည်နဲ့ ပလုတ်ကျင်းပေးမယ်ဆိုရင်တော့ ခံတွင်းနံ့လေး သင်းပျံ့နေမှာပါ။
မုန့်ဖုတ်ဆိုဒါနှင့် သွားတိုက်ဆေး
လိုအပ်မယ့် ပစ္စည်းတွေကတော့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဝက်၊ သွားတိုက်ဆေနဲ့ သွားပွတ်တံတို့ လိုအပ်ပါလိမ့်မယ်။ သင် အသုံးပြုနေကြ သွားတိုက်ဆေးပမာဏနဲ့ မုန့်ဖုတ်ဆိုဒါတို့ကို ရောမွှေပေးလိုက်ပါ။ ထို့နောက် သွားတိုက်တံနဲ့ သွားတိုက်ပေးလိုက်ပါ။
ဒီနည်းလမ်းကိုတော့ တစ်ရက်ခြားတစ်ခါခန့် တစ်ပတ်တိတိ ပြုလုပ်ပေးရပါမယ်။
မုန့်ဖုတ်ဆိုဒါနှင့် ဆား
ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ကြက်သီးနွေးရေနွေး တစ်ဖန်ခွက်ခန့်တို့ကို သမအောင် ရောနှောပေးလိုက်ပါ။ ရရှိလာတဲ့ရေအရောအနှောများ ကုန်သွားသည်ထိ ပလုတ်ကျင်းပေးလိုက်ပါ။
ဒီပလုတ်ကျင်းရေကို တစ်ပတ်ခြားတစ်ခါ အသုံးပြုပေးမယ်ဆိုရင်တော့ ခံတွင်းအနံ့အသက်ဆိုးတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။
မုန့်ဖုတ်ဆိုဒါနဲ့ ပန်းသီးရှာလကာရည်
လိုအပ်မယ့်ပါဝင်ပစ္စည်းတွေကတော့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရေ ၂၅၀ မီလီလီတာခန့်တို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းများ အားလုံးကို သမအောင် ရောမွှေပေးလိုက်ပါ။ ထိုအရည်ဖြင့် တစ်ပတ်မှာ နှစ်ရက်၊ သုံးရက်ခန့် ပလုတ်ကျင်းပေးလိုက်ပါ။
မုန့်ဖုတ်ဆိုဒါနှင့် ပျားရည်
မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ရေနွေးနွေး တစ်ဖန်ခွက်ခန့်တို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို တစ်ရက်တစ်ကြိမ်ခန့် သောက်သုံးပေးမယ်ဆိုရင် ခံတွင်းအနံ့အသက်ဆိုးတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။
Source: Stylecraze.com









