အမေရိကန်ပြည်ထောင်စု၊ Louisiana ပြည်နယ်ရှိ ဇနီးမောင်နှံက စိုက်ပျိုးတဲ့ Grapefruit က ကမ္ဘာ့ အကြီးဆုံး ဂရင်းနစ်စံချိန် ဝင်သွားပါတယ်။
အလေးချိန် ၇ ပေါင် နှင့် ၁၄.၆၄ အောင်စ ရှိတဲ့ Grapefruit က ကမ္ဘာပေါ်မှာ အလေးဆုံး နှင့် အကြီးဆုံး အသီးဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုရှိ စိုက်ပျိုးရေးအရာရှိတွေက အတည်ပြုပါတယ်။
Louisiana ပြည်နယ်ရှိ စိုက်ပျိုးရေး နှင့် သစ်တော ဌာန တာဝန်ရှိသူ Mary Beth နှင့် Doug Meyer တို့က ကမ္ဘာ့အကြီးဆုံး Grapefruit အဖြစ် အသိအမှတ်ပြုတဲ့ လက်မှတ်ကို ပေးအပ်ခဲ့ပါတယ်။
အဆိုပါ Grapefruit က ၂၈.၇၅ လက်မ ရှိပါတယ်။
အရင်က အကြီးဆုံး Grapefruit အဖြစ် အသိအမှတ်ပြုထားတဲ့ အသီးက ၇ ပေါင် နှင့် ၁ အောင်စ ရှိပြီး အရွယ်အစားက ၂၇.၅ လက်မ ရှိပါတယ်။
စိုက်ပျိုးသူ Doug Meyer က “မြေးလေးက သစ်ပင်ရဲ့အောက်မှာ စိုက်ခင်းလေး တစ်ခု လုပ်ထားတယ်။ တစ်နေ့တော့ မြေးလေးက Grapefruit အသီးကြီးက အရမ်းကြီးလာတာကို သတိထားမိပါတယ်။ အဲ့ဒီကနေ ကြီးထွားလာတာကို သတိထားမိပြီး ပြုစုပြီး ဒီလို ကြီးမားလာတာဖြစ်တယ်” လို့ ပြောပါတယ်။
“ဒီအတွေ့အကြုံက ကလေးတွေအတွက် အရမ်းကို လှပတဲ့ အမှတ်တရ ဖြစ်လာမှာပါ” လို့ ထည့်သွင်းပြောပါတယ်။
Source: UPI






