အားလုံးပဲမင်္ဂလာပါ။ဆာတေးကြိုက်နှစ်သက်သူတွေအတွက် ဆာတေးလုပ်နည်းများစွာရှိတဲ့အထဲကမှ အလွယ်ကူဆုံးနဲ့ ဆိုင် မှာဝယ်စားရတဲ့အရသာအတိုင်း ပြုလုပ်နိုင်မယ့်ကြက်ဆာတေးပြုလုပ်နည်းလေးမျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ကီလိုဂရမ်
  • ကြက်သွန်နီ ၃ လုံး
  • သခွားသီး ၁ လုံး
  • မြေပဲထောပတ် ၂၀၀ ဂရမ်
  • အုန်းနို့ ၄၀၀ ဂရမ်
  • ကြက်သွန်ဖြူ ၄ မွှာ
  • ပဲငံပြာရည် ၂ဇွန်း
  • စပါးလင် ၂ ပင်
  • ဂျင်းတက် ၁ တက်
  • နနွင်းမှုန် ဇွန်းတစ်ဝက်
  • ငရုပ်အနှစ် ၄ ဇွန်း
  • ဆား အနည်းငယ်
  • ငရုပ်ကောင်း ၁ ဇွန်း
  • သကြားအညို ၁ ဇွန်း
  • သံပရာသီး ၁ လုံး
  • ဝါးတုတ်အချောင်း ၁၀ ချောင်း
  • ဆီ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံးကြက်သားကို ရေဆေးသန့်စင်ပြီး အရိုးထုတ် ထားပါ။ထို့နောက် ၃ စင်တီမီတာခန့် အတုံးလေးတွေ တုံးပါ။ ကြက်သားတုံးလေးတွေကိုဇလုံတစ်ခုအတွင်းထည့်ပြီး သံပရာ သီးတစ်စိတ် ငရုပ်ကောင်းအနည်းငယ်းတို့ထည့်ပြီး သမအောင်နယ်ပေးပါ။ ဆက်လက်ပြီး သကြား နနွင်းမှုန့် စပါးလင် ငရုပ်ကောင်း ဂျင်းတက် ကြက်သွန်ဖြူ ဆီအနည်းငယ်တို့ကိုကြိတ်စက် ထဲရောကြိတ်ပါ။ ရရှိလာတဲ့အနှစ်ကို ခုနကကြက်သားတုံးလေးတွေနဲ့ ရောနယ်ပြီး အနည်းဆုံး ၂ နာရီခန့် ရေခဲသေတ္တာထဲတွင်နှပ်ထားပေးပါ။

(၂) ကြက်သားကင်ရာမှာအသုံးပြုမယ့် ဝါးတုတ်ချောင်းလေးတွေကိုလည်း အနည်းဆုံး နာရီခန့်ကြိုတင်ရေစိမ်ထားပေးရပါမယ်။ကြက်သားနှပ်ထားစဉ်အတွင်း တွဲဖက်သုံးဆောင်ဖို့ ဆော့ပြင်ဆင်ရပါမယ်။ ဆော့အတွက်အရင်ဆုံး ဇလုံတစ်ခုအတွင်း ငရုပ်အနှစ် မြေပဲထောပတ် သကြား ဆားအနည်ငယ် ပဲငံပြာရည် သံပရာသီးတစ်စိတ်ခန့် တို့ကိုရောထည့်ပြီးမွှေပေးပါ။ထို့နောက်အုန်းနို့ ကိုဒယ်အိုးတစ်ခုအတွင်းထည့်ပြီး မီးခပ်အေးအေးဖြင့်အပူပေးပါ။

(၃) အုန်းနို့ဆူပွတ်လာပြီဆိုရင်တော့ ခုနကမွှေထားတဲ့ ဆော့အနှစ်ထဲရောထည့်လိုက်ပါ။လိုအပ်တဲ့အချဉ်အစပ်အငံ အရ သာအတွက်လိုအပ်ရင်လိုအပ်သလိုမိမိစိတ်ကြိုက်ထပ်မံဖြည့်စွက်ပြုပြင်ပေးနိုင်ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ ကြက်သားကင်ရမှာဖြစ်ပါတယ် ။ အကင်မီးဖို သို့မဟုတ် မီးသွေးမီးဖို မိမိကြိုက်နှစ်သက်ရာဖြင့် ကင်နိုင်ပါတယ်။အရင်ဆုံးနှပ်ထားတဲ့ကြက်သားတုံးလေးတွေကိုဝါးတုတ်မှာထိုးပေးရပါမယ်။

(၄) ကြက်သားတုံးအားလုံးတုတ်ထိုးပြီးကင်ဖို့အဆင်သင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုချောင်သုံးစုတ်တံဖြင့်ကြက်ဆာတေးချောင်းလေးတွေကို ဟင်းချက်ဆီအနည်းငယ်သုတ်လိမ်းပေးပြီး ကင်ပေးရပါမယ်။ ၃ မိနစ်ခန့် ဘယ်ညာပြောင်းကင်ပြီး အနံလေးလည်းမွှေးလာပြီ အသားလည်းကျက်ပြီဆိုရင်တော့ မီးဖိုပေါ်ကဖယ်လိုက်လို့ရပါပြီ။ထိုနည်းအတိုင်းကျန်တဲ့ ဆာတေးချောင်းလေးတွေကိုကင်ပေးပါ။ပြီးရင်တော့ ခုနကပြင်ဆင်ထားတဲ့ဆော့လေးရယ် အကင်နဲ့တွဲဖက်စားဖို့ သခွားသီးလေးတွေကိုအနေတော်မထူမပါးလေးတွေလှီးပြီး အရသာရှိတဲ့ကြက်ဆာတေးကင်လေးနဲ့ တွဲဖက်သုံးဆောင်လို့ရပါပြီနော်။

Source : Asianfoodnetwork