အားလုံးပဲ မင်္ဂလာပါ။ အာလူးကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အာလူးပန်ကိတ်ကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၂ လုံး (အခွံခွာထားပါ)
  • ကြက်သွန်နီ တစ်ဥ (အခွံခွာထားပါ)
  • ငရုတ်သီးစိမ်း (ပါးပါးလှီးထားပါ)
  • ဆား အနည်းငယ်
  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးတုံးများကို ဖျောစက် (သို့) ကြိတ်စက်ထဲထည့်ပြီး အနှစ်များ ရအောင် မွှေဖျော်ပေးလိုက်ပါ။

၂။ ရရှိလာတဲ့ အာလူးအနှစ်များကို အရည်စစ်လိုက်ပါ။

၃။ ကြက်သွန်နီကိုလည်း ဖျော်စက် (သို့) ကြိတ်စက်ထဲထည့်ပြီး အနှစ်များရအောင် ဖျော်လိုက်ပါ။

၄။ အာလူးအနှစ်နှင့် ကြက်သွန်အနှစ်များကို ပန်းကန်လုံးတစ်လုံးထဲ ပေါင်းထည့်ပြီးနောက် ဆားအနည်းငယ် ထည့်လိုကပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အာလူးမုန့်နှစ် တစ်ွန်းခန့်ကို ခပ်ယူပြီး ဆီပူထဲထည့်ပါ။

၆။ အာလူးပန်ကိတ် မကျက်တကျက်အချိန်မှာ ငရုတ်သီးစိမ်းလေး တင်ထားလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်လှန်ကာ ပန်ကိတ်ကို ဇွန်းဖြင့် ပြားနေအောင် ဖိပေးလိုက်ပါ။

၇။ အာလူးပန်ကိတ်က ရွှေရောင်ပြောင်းသွားပါက ပန်းကန်ပြားထဲသို့ ပြောင်းထည့်လိုက်လို့ရပါပြီ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် အာလူးပန်ကိတ်ကြော်လေး ရရှိသွားပါပြီ။

Source: Mykoreankitchen.com