အားလုံးပဲ မင်္ဂလာပါ။ ရိုးရာဟင်းချက်နည်းများကို တစ်နေ့တစ်မျိုးမရိုးရအောင် ချက်ပြုတ်ချင်သူတွေအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ် ချက်ပြုတ်နည်းနဲ့ အာလူးကြက်သားဟင်းစပ်စပ်လေး ဘယ်လိုချက်လို့ရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံနှင့် ကြက်ပေါင် ၁ ကီလိုဂရမ်
  • အာလူး ၃ လုံး
  • ကြက်သွန်နီ ၁ ဥ
  • ကြက်သွန်မြိတ် ၁ ပင်
  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် ဆန်ဝိုင် စားပွဲတင်ဇွန်း ၉ ဇွန်း

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲ ရေထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ပါ။ ထို့နောက် ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ကြက်သားတုံးများထည့်ပြီး ၃ မိနစ်ခန့် ပြုတ်ပါ။ ပြီးရင်တော့ ကြက်သားတုံးများကို ဆယ်ယူပါ။

၂။ အာလူးများကို အခွံခွာပြီး ရေဆေးပါ။ ထို့နောက် အနေတော်အတုံး တုံးပါ။ ကြက်သွန်နီနှင့် ကြက်သွန်မြိတ်တို့ကို ပါးပါးလှီးပါ။

၃။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဝိုင်ဖြူ စားပွဲတင်ဇွန်း၊ ဆန်ဝိုင်၊ ပဲငံပြာရည်၊ ငရုတ်နှစ်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူ၊ နှမ်းဆီ၊ သကြားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေပါ။

၄။ အခြားအိုးအကြီးတစ်လုံးကို အလယ်အလတ်မီးအပူချိန်ပေးပါ။ ကြက်သားတုံး ထည့်ပါ။ ဝိုင်ဖြူအရောအနှောများ လောင်းထည့်ပါ။

၅။ ပွက်ပွက်ဆူလာတဲ့အခါမှာတော့ မီးပူချိန်လျော့ပြီး နောက်ထပ် ၁၀ မိနစ်ခန့် တည်ပါ။ ကြက်သား အိုးမကပ်ဖို့ရန်အတွက် မကြာခဏမွှေပေးပါ။

၆။ သတ်မှတ်ချိန်ပြည့်ပါက အာလူးနှင့် ကြက်သွန်နီတို့ထည့်ကာ သမအောင် မွှေပါ။ တစ်ဖန် နောက်ထပ် မိနစ် ၂၀ ခန့် ထပ်တည်ပါ။

၇။ နောက်ဆုံးတစ်ကြိမ်ခန့် သမအောင် မွှေပြီးတဲ့အခါမှာတော့ အရသာအပေါ့အငန်မြည်းကြည့်ပြီး မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် အာလူး ကြက်သားဟင်းအစပ်လေး ရရှိသွားပါပြီ။

Source: Futuredish.com